Connect with us

Politics, Law & Military

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တနင်္သာရီတိုင်းဒေသကြီး ခရိုင် ၃ ခုတွင် ကျင်းပမည်

ငလျင်လှုပ်ရှားမှု နှင့် ပတ်သက်၍ မိုးဇလ၏ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ--မိုးဇလ)

ရန်ကုန်၊ ဇန်နဝါရီ ၅ ရက် (ဆင်ဟွာ)

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပထမဆုံးအကြိမ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၌ ခရိုင် ၃ ခုခွဲပြီး ကျင်းပမည်ဖြစ်ကြောင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ အမျိုးသားအဆင့်ဆွေးနွေးပွဲကို ထားဝယ်ခရိုင်တွင် ဇန်နဝါရီ ၅ရက်နှင့် ၆ရက်တွင် လည်းကောင်း၊ မြိတ်ခရိုင်တွင် ဇန်နဝါရီ ၁၂ရက်နှင့် ၁၃ ရက်တွင်လည်းကောင်း၊ ကော့သောင်းခရိုင်တွင် ဇန်နဝါရီ ၁၆ရက်နှင့် ၁၇ရက်နေ့တွင်လည်းကောင်း ကျင်းပမည်ဖြစ်ပြီး ယင်းဆွေးနွေးပွဲများမှ ရရှိသောဆွေးနွေးချက်များကို တနင်္သာရီတိုင်းဒေသကြီးတစ်ခုလုံး၏ မူဝါဒဆိုင်ရာစုစည်းချက်များအဖြစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ အပြီးသတ် ဆွေးနွေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.