Politics, Law & Military
ကချင်ပြည်နယ် ဟိုပင်မြို့နယ်အတွင်း သန်း၂၄၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက သန်း၂၄၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူနှင့် ဘိန်းဆီခဲများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟိုပင်မြို့၊ ဇီးကုန်းကျေးရွာ၊ ဟိုပင်-လုံးတုံ-ကုန်းသာ-ညောင်ပင်သွားကားလမ်း၊ မိုင်တိုင်အမှတ်(၈/၂)အနီး၌ ရပ်တန့်ထားသည့် 7C/—— SURF မော်တော်ယာဉ် ၁ စီးအား မသင်္ကာဖွယ်တွေ့ရှိရကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့မှ သွားရောက်သွားစစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ ခရီးဆောင်အိတ်များအတွင်း ဆပ်ပြာခွက် ၅၇၂ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ ၅၇၂၀ ဂရမ်( ၁ ဂရမ်လျှင် ၇၀,၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း တန်ဖိုး ၄၀၀,၄၀၀,၀၀၀ ကျပ်)၊ စိတ်ကြွဆေးပြား ၆၆၆,၉၀၀ ပြား( ၁ ပြားလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းတန်ဖိုး၂,၀၀၀,၇၀၀,၀၀၀ ကျပ်)နှင့် ဘိန်းဆီခဲ ၁၄,၃၇၀ ဂရမ်( ၁ ဂရမ်လျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း တန်ဖိုး၆၄,၆၆၅,၀၀၀ ကျပ်)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ဟိုပင်နယ်မြေရဲစခန်း မူးယစ်(ပ)၉၅/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ-၁၉(က)/၂၁ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။(Xinhua)