Connect with us

Politics, Law & Military

ရန်ကုန်မြို့ ရှိမြို့နယ်များ ဧရိယာခွဲခြားသတ်မှတ်ချက် ရန်ကုန်စည်ပင်ထုတ်ပြန်

ကျောက်တံတားမြို့နယ်အတွင်းရှိ ဆူးလေစေတီတော်မြတ်အား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ရန်ကုန်မြို့၏ မြို့ ပြဖွံ့ ဖြိုးမှု စနစ်တကျ ဖြစ်ထွန်းစေရေးအတွက် သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်စေ မည့် ထိန်းညှိစနစ်တစ်ခု ပေါ်ထွက်လာစေရန် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ မြို့နယ်များအား ဧရိယာခွဲခြားသတ်မှတ်ချက်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါကြေညာချက်အရ လှော်ကား၊ ကန်တော်ကြီး၊ အင်းလျားကန် အစ ရှိသည့် ရေပြင်၊ စိမ်းလန်းမြေနှင့်ပန်းခြံနေရာများကို လက်ရှိမြို့ ပြသဘာဝပတ်ဝန်း ကျင်စနစ်ကို ရေရှည် ထိန်းသိမ်းစောင့်ရှောက်ရန် (Conservation area) အဖြစ် ရည်ရွယ်သတ်မှတ်ထားကြောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင် စသည့်မြို့လယ်ခြောက်မြို့နယ်နှင့် ဆိပ်ကမ်းမြို့နယ် ရွှေတိဂုံဘုရားပတ်ဝန်းကျင်၊ ဗဟန်း၊ ဒဂုံ၊ ကမာရွတ်မြို့နယ်တို့ကို မြို့ ပြဖွံ့ ဖြိုးမှုအား ထိန်းသိမ်းနိုင်ရန် သတ်မှတ်ထားသည့် ဧရိယာများနှင့် သမိုင်းဝင်အမွေအနှစ်များ စုဝေးတည်ရှိရာ ဧရိယာ (Development Controlled Area) အဖြစ် သတ်မှတ် ထားကြောင်း သိရသည်။

တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ် (အရှေ့)၊ ဒဂုံမြို့သစ်(တောင်)၊ ဒဂုံမြို့သစ်(မြောက်)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ရွှေပြည်သာ၊ လှိုင်သာယာ စသည့်မြို့နယ်များကို လူနေသိပ်သည်းမှုအား မြှင့်တင် ဆောင်ရွက်သွားရန် (Guided Denitrification Area) ဧရိယာအဖြစ်သတ်မှတ် ထားပြီး မရမ်းကုန်း၊ အင်းစိန်နှင့် မင်္ဂလာဒုံမြို့နယ်တို့ကို မြို့ ပြဖွံ့ ဖြိုးမှုအား တိုးမြှင့် ဆောင်ရွက်သွားရန် (Development Promotion Area) ဧရိယာအဖြစ် သတ်မှတ်ထားကြောင်း၊ လှိုင်၊ ရန်ကင်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ တာမွေ၊ မင်္ဂလာ တောင်ညွန့်၊ သင်္ဃန်းကျွန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းစသည့်မြို့နယ်တို့ကမြို့ပြဖွံ့ ဖြိုးမှုများစနစ်တကျပြန်လည် ဖွံ့ ဖြိုးတိုးတက်လာအောင် (Redevelopment and Upgrade Area) ဧရိယာအဖြစ်သတ်မှတ်ထားပြီး အဆိုပါခွဲခြား သတ်မှတ်လိုက်သော ဧရိယာများအလိုက် အသေးစိတ် ညွှန် ကြားချက်များကို ဆက်လက်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.