Connect with us

Politics, Law & Military

ကိုကိုးကျွန်းရေပြင်တွင် တပ်မတော်(ရေ)စစ်ရေယာဉ်များ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်းများ ဆောင်ရွက်သွားမည်

လေ့ကျင့်ခန်း ပြုလုပ်မည့် ဧရိယာပြ မြေပုံအား တွေ့ ရစဉ်(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန် ၊ မတ် ၁၇ ရက်(ဆင်ဟွာ)

ကိုကိုးကျွန်း ရေပြင်တွင် တပ်မတော်(ရေ)စစ်ရေယာဉ်များသည် ပင်လယ်ပြင် လက်တွေ့လေ့ကျင့်ခန်းနှင့် လက်နက်များလေ့ကျင့်ပစ်ခတ်ခြင်းများအား မတ်လ ၂၃ ရက်မှ ၃၁ ရက် အတွင်း လေ့ကျင့် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ထိုသို့လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလ အတွင်း ဘေးအန္တရာယ် ကင်းရှင်း စေရေး အတွက် အဆိုပါ ဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ ၊ ငါးဖမ်း သင်္ဘောများ ၊ စက်တပ်သမ္ဗန်များ ဖြတ် သန်းသွားလာခြင်း ၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် အသိပေး ကြေညာခဲ့သည်။

လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၀ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၀မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၀ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၀ မိနစ်၊အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအားသတ်မှတ်ထားရှိပြီး ရေကြောင်းသတိပေးချက် နှင့် လေကြောင်း သတိပေးချက်တို့အား ထုတ်ပြန် ကြေညာ ထားရှိပြီး ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.