Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် တိုးတက်ရေး လတ်တလော အကောင်အထည် ဖော်နိုင်မည့် အဆင့်များ အကြံပြုသည့် ကြားဖြတ် အစီရင်ခံစာ တင်သွင်း


ရန်ကုန် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

ရခိုင်ပြည်နယ်ရှိ အခြေအနေ တိုးတက်လာစေရန် လတ်တလော အကောင်အထည်ဖော်နိုင်မည့် အဆင့်များ ပါဝင်သည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာအား တင်သွင်းလိုက်ကြောင်း ယနေ့ မတ် ၁၆ ရက်တွင် ကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် အခြေအနေများ နှင့် ပတ်သက်၍ အစိုးရနှင့်ရခိုင်ပြည်နယ် အရေးတွင် ပါဝင် ပတ်သက်လုပ်ဆောင် နေကြသည့် အဖွဲ့အစည်းများ အနေဖြင့် ဆောလျင်စွာ အရေးယူ ဆောင်ရွက်မှုများကို ပြုလုပ်နိုင် စေရန် နှင့် ပိုမို ငြိမ်းချမ်း၍ အေးချမ်း သာယာသော အနာဂတ် တစ်ခုကို ကြိုးပမ်း တည်ဆောက် နေစဉ် ကာလ အတွင်း အကြမ်းဖက်မှုများ ထပ်မံ မပေါ်ပေါက် လာစေရေး အတွက် ကြိုတင် ကာကွယ် တားဆီး နိုင်စေရန် ကြားဖြတ် အစီရင်ခံစာအား တင်ပြရန် ဆုံးဖြတ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ယခု ကြားဖြတ် အစီရင်ခံစာတွင် လတ်တလော အရေးတကြီး ဆောလျင်စွာ ဆောင်ရွက်သွားရန် လိုအပ်လျက် ရှိသော ကိစ္စ များကို တင်ပြထားကြောင်း ၊ ကြားဖြတ် အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုသည် အပြီးသတ် အစီရင်ခံစာတွင်မည်သည့် အကြောင်းအရာ ၊ အချက်အလက်များ ပါဝင်မည်ကို ညွန်ပြမည်ဟု ထည့်သွင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေး ကော်မရှင်မှ ယနေ့ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲအား တွေ့ရစဉ်(ဆင်ဟွာ)

ယခု ကြားဖြတ် အစီရင်ခံစာတွင် ကြားဖြတ် အကြံပြုချက် ၁၂ ချက် အဖြစ် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ ပေးနိုင်မှု ၊ သတင်းယူခွင့် ၊ တရားမျှတမှု နှင့် တရားဥပဒေ စိုးမိုးရေး ၊ နယ်စပ် ဆိုင်ရာ ကိစ္စရပ်များ နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် ဆက်ဆံရေး ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များအား သင်တန်းများ ပေးခြင်း ၊ နိုင်ငံသား ဖြစ်မှု နှင့် လွတ်လပ်စွာ သွားလာခွင့် ၊ IDP စခန်းများအား ပိတ်ရေး ၊ ယဉ်ကျေးမှု ဆိုင်ရာ ကိစ္စရပ်များ ၊ လူ့အဖွဲ့အစည်းများ အကြား တွေ့ဆုံ ဆွေးနွေးမှု ၊ နိုင်ငံရေး ကဏ္ဍ နှင့် အရပ်ဖက် လူမှု အဖွဲ့အစည်းများတွင် ကိုယ်စားလှယ်များ ထားရှိနိုင်မှု နှင့် ကိုယ်တိုင် ပါဝင် နိုင်မှု ၊ ဒေသ အတွင်းရှိ နိုင်ငံများ နှင့် ဆက်ဆံရေး တို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် အကြံပြုချက် အဖြစ် အစိုးရ အနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများ နှင့် ပတ်သက်သည့် ကျယ်ပြန့်သော ကိစ္စရပ်များနှင့်ဒေသအတွင်း အကျိုး သက်ရောက်မှု ရှိနိုင်သည့် အကြောင်းအရာ ကိစ္စရပ်များကို အရှေ့တောင် အာရှ နိုင်ငံများ အဖွဲ့(ASEAN)၏ အဖွဲ့ဝင် နိုင်ငံများအား ရှင်းလင်း ဆွေးနွေးခြင်းများကို ဆက်လက် လုပ်ဆောင် သွားသင့်ကြောင်း ၊ နိုင်ငံတော် အစိုးရ အနေဖြင့် ရခိုင် ပြသနာအား အိမ်နီးချင်း နိုင်ငံများ နှင့် ဆက်လက် ဆွေးနွေး ညှှိနှိုင်းမှုများ ပြုလုပ်ရန် အထူးသံတမန် ခန့်အပ် ဆောင်ရွက် သင့်ကြောင်း ထည့်သွင်း ဖော်ပြခဲ့သည်။နိုင်ငံတော်အစိုးရအနေဖြင့်ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာ ကိုကြိုဆိုကြောင်း ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်အပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများစွာ ရရှိစေမည်ဟု ယုံကြည်ကြောင်း ၊ ကော်မရှင်၏ အကြံပြုတင်ပြချက်အများအပြားကို အချိန်မဆိုင်းဘဲ ထိထိရောက်ရောက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ကြားဖြတ် အစီရင်ခံစာ နှင့် ပတ်သက်၍ ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။(Xinhua)