Connect with us

Politics, Law & Military

ကျပ် ၅ ဒသမ ၂၈ ဘီလီယံ တန်ဖိုးရှိ ဘိန်းဖြူများ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ ဖမ်းဆီးရမိ ၊ ကွင်းဆက်အရ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းမိ

သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar )

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ကျပ် ၅ ဒသမ၂၈ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများကို မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်အရ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC Myanmar)၏ ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၇ ရက်က နောင်ချိုမြို့နယ် ၊ မူဆယ်-မန္တလေးလမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် ကျောက်မဲမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသော CANTER အမျိုးအစား မော်တော်ယာဉ်တစ်စီးသည် ဘိန်းဖြူများသယ်ဆောင်လာသည်ဟု သတင်းရရှိသဖြင့် အဆိုပါ မော်တော်ယာဉ်အား လျှို့ဝှက်လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ၊ နိုဝင်ဘာလ ၂၈ ရက်တွင် ပုသိမ်ကြီးမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၌ ၎င်းမော်တော်ယာဉ်ရပ်တန့်ထားပြီး လူနှစ်ဦးလာရောက်ကာ မူးယစ်ဆေးဝါးများ လွှဲပြောင်းမှုပြုလုပ်သဖြင့် ၎င်းတို့အားထိန်းသိမ်းခဲ့ကြောင်းနှင့် ယင်းနောက် မော်တော်ယာဉ်အားရှာဖွေရာ မော်တော်ယာဉ်ပေါ်ရှိ စက္ကူဂျပ်ဖာများအတွင်း ခေါက်ဆွဲခြောက်ထုပ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသောဘိန်းဖြူ ၈၈ ကီလိုသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းမူးယစ်ဆေးဝါးများကို ကချင်ပြည်နယ်၊ မိုးညှင်းမြို့သို့ ပို့ဆောင်မည်ဖြစ်ကြောင်းဖော်ထုတ်သိရှိရသဖြင့် ကွင်းဆက်အရ နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် မိုးညှင်းမြို့၊ အောင်သပြေ (၁)ရပ်ကွက်၊ အမှတ်(၇/ခ)နေမူးယစ်ဆေးဝါးလက်ခံမည့်သူ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနေအိမ်းအတွင်း ဘိန်းစိမ်း ၁၇ ဒသမ ၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅,၇၀၀ ပြား၊မော်တော်ယာဉ် ၂ စီး၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ၊ ကွင်းဆက်ဖော်ထုတ်ချက်အရ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် မိုးညှင်းမြို့၊ အောင်သပြေ(၃)ရပ်ကွက်၊ အမှတ်(၇၅)တွင် နေထိုင်သူ တစ်ဦးအား ဆက်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် မော်တော်ယာဉ် မောင်းနှင်လိုက်ပါလာသူ ၊ လွှဲပြောင်းလက်ခံယူသူ ၊ မူးယစ်ဆေးဝါး လက်ခံမည့်သူ နှင့် ဆက်စပ်ဖမ်းဆီးရမိသူ စုစုပေါင်း ၆ ဦးအား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိကြောင်း နှင့် ဖမ်းဆီးရမိဘိန်းဖြူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်မှ ကချင်ပြည်နယ် မိုးညှင်းမြို့သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.