Connect with us

Politics, Law & Military

ကြားဖြတ် ရွေးကောက်ပွဲများကို လွှတ်တော် သက်တမ်း၏ ပဉ္စမနှစ်တွင် မကျင်းပရန် ပြည်သူ့လွှတ်တော် အတည်ပြု

လွှတ်တော် #ရွေးကောက်ပွဲ ဥပဒေ ပြင်ဆင် အတည်ပြု #ဆင်ဟွာ

နေပြည်တော်၊ မေ ၁၁ ရက် (ဆင်ဟွာ)

လစ်လပ်သွားသည့် လွှတ်တော် ကိုယ်စားလှယ် နေရာများ အတွက် ကြားဖြတ် ရွေးကောက်ပွဲများကို လွှတ်တော် သက်တမ်း၏ နောက်ဆုံးနှစ်၊ သို့မဟုတ် ပဉ္စမ နှစ်တွင် ကျင်းပပေးမည် မဟုတ်ဘဲ ပထမနှစ် ၊ ဒုတိယနှစ်၊ တတိယနှစ်နှင့် စတုတ္ထနှစ်များတွင်သာ ကျင်းပပြီး ကိုယ်စားလှယ် အစားထိုး တင်မြှောက်သွားရန် ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တင်သွင်းသည့် လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ပုဒ်မ ၉၈ ပါ ပြင်ဆင်ချက်အား “လွှတ်တော်တွင် တစ်စုံတစ်ရာသော အကြောင်းကြောင့် လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်လျှင် လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကော်မရှင်သို့ အကြောင်းကြားသည့် နေ့မှစ၍ လွှတ်တော် ပုံမှန် သက်တမ်း၏ ပထမနှစ်အတွက် တစ်နှစ်အတွင်း တွင်လည်းကောင်း၊ ဒုတိယနှစ်၊ တတိယနှစ် နှင့် စတုတ္ထ နှစ်များအတွက် ခြောက်လအတွင်းတွင် လည်းကောင်း ပုဒ်မ ၅၀ ပါ ပြဌာန်းချက်များကို မဆန့်ကျင်စေဘဲ ဥပဒေနှင့်အညီ အစားထိုး ရွေးကောက် တင်မြှောက်ပြီး ဖြစ်ရမည်” ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြန်လည် ပြင်ဆင် အတည်ပြုထားသည့် အတိုင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကရော ပြည်သူ့လွှတ်တော်ကပါ သဘောတူသဖြင့် ယနေ့အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
တစ်နည်းအားဖြင့် အကြောင်းကြောင်းကြောင့် လစ်လပ်သွားသော ကိုယ်စားလှယ် နေရာအတွက် လွှတ်တော် ပုံမှန်သက်တမ်း၏ ပဉ္စမနှစ် အတွင်း ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း အတည်ပြု လိုက်ခြင်းပင် ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ် လစ်လပ်နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ ပြင်ဆင် အတည်ပြုချက် များသည် အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး၊ သို့မဟုတ် ပြည်နယ် လွှတ်တော် များအတွက်လည်း ပြည်သူ့လွှတ်တော်နည်းတူ အတည်ပြုခဲ့သည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ပြည်နယ် လွှတ်တော်တို့၏ ရွေးကောက်ပွဲ ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လွှတ်တော်သို့တင်သွင်းခဲ့စဉ်က ကြားဖြတ် ရွေးကောက်ပွဲ အတွက် မူလ ပြဌာန်းချက် ပုဒ်မ ၈၉ (က)၊ (ခ) နှင့် (ဂ) တို့တွင် “လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ အကြောင်းကြားသည့် နေ့မှ စ၍ ခြောက်လအတွင်း ပုဒ်မ ၅၀ ပါ ပြဌာန်းချက်များကို မဆန့်ကျင်စေဘဲ ဥပဒေနှင့် အညီ အစားထိုး ရွေးကောက် တင်မြှောက်ပြီး ဖြစ်ရမည်” ဟု လည်းကောင်း “လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်ခြင်းသည် လွှတ်တော် ပုံမှန် သက်တမ်း မကုန်ဆုံးမီ တစ်နှစ် အတွင်း ဖြစ်ပါက အစားထိုး ရွေးကောက် တင်မြှောက်ခြင်း မပြုရ” ဟု လည်းကောင်း ပါရှိခဲ့သည်။
ထိုရွေးကောက်ပွဲ ဥပဒေကို တတိယအကြိမ် ပြင်ဆင်ခဲ့စဉ်က “ကိုယ်စားလှယ် နေရာ လစ်လပ်ကြောင်း အကြောင်းကြားသည့် နေ့မှ သုံးလအတွင်း အစားထိုး ရွေးချယ် တင်မြှောက်ပြီး ဖြစ်ရမည်” ဟု ပြင်ဆင် ပြဌာန်းခဲ့သေးသည်။ သို့ရာတွင် အဆိုပါ သုံးလမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွက် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပရန် လုံလောက်သော အချိန်မဟုတ်ကြောင်း ကော်မရှင် က ထောက်ပြခဲ့ပြီး ယခုကဲ့သို့စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေ အဖြစ် ထပ်မံ တင်သွင်းလာခြင်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ပြန်လည် ပြင်ဆင် ပြဌာန်းလိုက်ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.