Politics, Law & Military
ကွတ်ခိုင်မြို့တွင် ကျပ်သိန်းပေါင်း ၄၈၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်၊ ခိုလုံကျေးရွာအဝင် လမ်းမပေါ်တွင် မေ ၂၁ ရက်နေ့တွင် ကျပ်သိန်းပေါင်း ၄၈၄ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ ခိုလုံကျေးရွာအဝင် လမ်းမပေါ်တွင် TOYOTA CROWN Royal Saloon မော်တော်ယာဉ် အား ရပ်တန့်ရှာဖွေရာ ယာဉ်မောင်းနောက်ထိုင်ခုံပေါ်ရှိ ပီနံအိတ်အတွင်းမှ ဘိန်းဖြူဆပ်ပြာခွက် (၂၂၀) ခွက် (ဘိန်းဖြူအလေးချိန် ၂ ဒသမ ၄၂ ကီလို) နှင့် ဖုန်း ၂ လုံးတို့နှင့်အတူ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်း ဘိန်းဖြူများ သယ်ဆောင်လာသော တရားခံတို့အားမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)