Connect with us

Politics, Law & Military

အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်း လွှတ်တော်သို့ တင်သွင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်း လွှတ်တော်၌ ရှင်းပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ မပြဌာန်းရသေးသော အခွန်အကောက်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်း (Tax Administration and Procedure Law)ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ယနေ့ ပြည် ထောင်စု လွှတ်တော် အစည်းအဝေးသို့ ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား တင်သွင်းခဲ့ပြီး အဆိုပါ ဥပဒေကြမ်းသည် အခွန်အကောက် ဆိုင်ရာ လုပ်ငန်းများအတွက် အမှန်တကယ် လိုအပ်နေသော ဥပဒေဖြစ်၍ တင်သွင်းရခြင်း ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောခဲ့သည်။

“အခွန်ထမ်းပြည်သူများအတွက် မျှတသော အခွန်စနစ် ဖြစ်စေရန်၊ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုး တိုးတက်စေ ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်နဲ့ ဝင်ငွေ ခွဲဝေပုံ ညီမျှစေရန်စတဲ့ ဦးတည်ချက်တွေနဲ့ ဒီဥပဒေကြမ်းကို တင်သွင်းရတာ ဖြစ်ပါတယ်၊ ဒီဥပဒေကြမ်းဟာ မြန်မာနိုင်ငံမှာ မပြဌာန်းရသေးတဲ့ အခွန်ဆိုင်ရာ ဥပဒေတစ်ခု ဖြစ်ပြီး အခွန်အကောက်ဆိုင်ရာ လုပ်ငန်းများအတွက် အမှန်တကယ် လိုအပ်နေတဲ့ ဥပဒေလည်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အဆိုပါ ဥပဒေကို ပြဌာန်းရသည့် ရည်ရွယ်ချက်များမှာ —

(က) အခွန် စီမံအုပ်ချုပ်မှုနှင့် လုပ်ထုံး လုပ်နည်း ပြဌာန်းချက်များကို ဥပဒေတစ်ခုတည်း၏ အောက် တွင် စုစည်းထားရှိရန်၊ (ခ) အခွန်စီမံခန့်ခွဲမှုနှင့် လုပ်ထုံး လုပ်နည်းများ ခေတ်မီလာစေရန်၊ (ဂ) မတူ ညီသည့် အခွန်အမျိုးအစားများ စီမံ ခန့်ခွဲမှု တတ်နိုင်သမျှ တစ်ပြေးညီ ဖြစ်စေရန်၊ (ဃ) အခွန်ထမ်း များ၏ အခွင့်အရေးနှင့် တာဝန်များကို သတ်မှတ်ပေးနိုင်ရန်၊ (င) အခွန် စီမံ ခန့်ခွဲမှုတွင် ထိ တွေ့ဆောင်ရွက်နေသူများအားလုံး၏ တာဝန်အသီးသီးကိုသတ်မှတ်နိုင်ရန်နှင့် အခွန်ထမ်း ကိုယ်တိုင် အခွန် စည်းကြပ်သည့် စနစ် ပြောင်းလဲ ကျင့်သုံးရာတွင် ပိုမို ထိရောက် ကောင်းမွန်ပြီး ရှင်းလင်း လွယ်ကူစေရန်တို့ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။

“နိုင်ငံတကာ စံနှုန်းများနဲ့ ကိုက်ညှိပြီး ရေးဆွဲထားတဲ့အတွက် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ပိုမို အားကောင်းလာစေမှာ ဖြစ်ပါတယ်၊ အစိုးရနဲ့ အခွန်ထမ်း ပြည်သူတို့ရဲ့ တာဝန်နဲ့ အခွင့်အရေး တွေကို မျှတစွာ သတ်မှတ်ထားတာကြောင်း အစိုးရအနေနဲ့ ဘက်လိုက်မှု ကင်းပြီး သာတူညီမျှ ဆက်ဆံကြောင်း ြပြည်သူတွေရဲ့ ယုံကြည်မှုကို ရရှိလာနိုင်ပါမယ်၊ အခွန်စီမံ အုပ်ချုပ်မှုတွေ ပိုမို ချောမွေ့ လွယ်ကူ အားကောင်းလာပြီး အခွန် တိုးတက် ကောက်ခံရရှိရေးကို အထောက်အကူပြုစေနိုင် မှာ ဖြစ်ပါတယ်” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။

အခန်း ၁၁ ခန်း၊ ပုဒ်မပေါင်း ၈၅ ခု ပါဝင်သော အဆိုပါ ဥပဒေကြမ်းအား IMF မှ နိုင်ငံတကာ ကျွမ်းကျင် ပညာရှင်များ၏ အကြံပြုချက်ဖြင့် ရေးဆွဲထားခြင်းဖြစ်ပြီး ၎င်းဥပဒေကြမ်း အတည်ပြုပြီးပါက တည်ဆဲ အခွန်ဆိုင်ရာ ဥပဒေများအနက် အထူး ကုန်စည်ခွန် ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေနှင့် ဝင်ငွေခွန် ဥပဒေတို့တွင် စတင် အကျိုး သက်ရောက်မည် ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ရှင်းပြခဲ့သည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်၏ လုပ်ထုံး လုပ်နည်းများအတိုင်း ဆက်လက် ဆေင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကက ကြေညာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.