Connect with us

Politics, Law & Military

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်းမြေနယ်နိမိတ်တွင်း ကင်းလှည့်မှု ၃၆ကြိမ်ပြုလုပ်ထား

နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း ကင်းလှည့်နေမှုအားတွေ့ရစဉ်(ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်းမြေနယ်နိမိတ်တွင်း မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ ပူးပေါင်းပြီး ကင်းလှည့်မှု ၃၆ကြိမ် ပြုလုပ်ထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကုန်းမြေနယ်နမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ တွင် ၁၄ ကြိမ် ၊ မတ်လတွင် ၇ ကြိမ် ၊မေလတွင် ၁၅ ကြိမ် စုစုပေါင်း ( ၃၆ )ကြိမ် နှင့် ရေကြောင်းကင်းလှည့်ခြင်းကိုလည်း နတ်မြစ်ကြောင်းအတိုင်း စုစုပေါင်း (၄ )ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နှစ်နိုင်ငံနှစ်ဘက်ညှိနှိုင်း၍ မြေပြင်လှည့်ကင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မေလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ အထိ နယ်ခြားမှတ်တိုင် ၄၆ မှ ၄၇ အထိလည်းကောင်း၊ မေလ ၁၆ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၅၀ မှ မွန်းလွဲ ၁၂ နာရီ အထိ နယ်ခြားမှတ်တိုင် ၄၇ မှ ၄၈ အထိလည်းကောင်း၊ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁ နာရီ အထိ နယ်ခြားမှတ်တိုင် ၃၈ မှ ၃၉ အထိလည်းကောင်း၊ မေ ၁၇ ရက် နံနက် ၈ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အထိ နယ်ခြားမှတ်တိုင် ၄၈ မှ ၄၉ အထိ လည်းကောင်း၊ မေလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ် မှ နံနက် ၉ နာရီ မိနစ် ၄၀ အထိ နယ်ခြားမှတ်တိုင် ၄၉ မှ ၅၀ အထိလည်းကောင်း၊ နံနက် ၁၀ နာရီ မှ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ် အထိ နယ်ခြားမှတ်တိုင် ၃၉ မှ ၄၀ အထိလည်းကောင်း မြေပြင်လှည့်ကင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။(Xinhua)