Politics, Law & Military
ခွင့်ပြုတန် ချိန်ထက် ပိုမိုတင်ဆောင်ပါက ရေကြောင်း ဥပဒေများဖြင့် အရေးယူမည်
ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)
ချင်းတွင်းမြစ် အတွင်း ပုံမှန်ပြေးဆွဲလျက်ရှိသည့် လူစီးနှင့် ကုန်တင်အမြန်ရေယာဉ်များ ခွင့်ပြုတန် ချိန်ထက် ပိုမိုတင်ဆောင်ပါက ရေကြောင်း ဥပဒေများဖြင့် ထိရောက်စွာ အရေးယူ သွားမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန တိုင်းဒေသကြီးရေကြောင်း ပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာနထံမှ သိရသည်။
ရေယာဉ်အရေးပေါ်အခြေအနေ ရုတ်တရက် ကြုံတွေ့ လာပါက အချိန်နှင့် တစ်ပြေးညီ လိုက်နာဆောင်ရွက်ရမည့်အချက်များ အား ပညာပေးဟောပြော ပွဲများပြုလုပ်ပြီး အသိပညာပေးလျက်ရှိ ကြောင်း၊ ရေယာဉ်တွေအနေဖြင့် သတ်မှတ်ညွှန်ကြားချက်များအား မလိုက် နာပါက ရေကြောင်းဥပဒေများအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
ချင်းတွင်းမြစ်ကြောင်းသွား အမြန် ရေယာဉ်များအား ညွှန်ကြားချက် ထုတ်ပြန်ထားမှုအခြေအနေနှင့် ပတ်သက် ၍ လူစီးနှင့် ကုန်တင်ရေယာဉ်များကို လုပ်ငန်းလိုင်စင် နှင့် ရေယာဉ်လိုင်စင်သက်တမ်း ရှိ/မရှိ၊ သတ်မှတ်ထားသော ဝန်တင်မျဉ်းထက် ကျော်လွန်၍ ခရီးသည်/ကုန်စည်များ တင်ဆောင်ထားခြင်းရှိ/မရှိ၊ ရေယာဉ် အရေးပေါ်အခြေအနေကြုံတွေ့လာပါက အသုံးပြုနိုင်မည့် သက်ကယ်အင်္ကျီ၊ သက်ကယ်ဗောကွင်း စီမံထားရှိမှု ရှိ/ မရှိ၊ မီးသတ်ဆေးဘူးနှင့် မီးသတ်ကိရိယာ များနှင့် ရေယာဉ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် ရေများ ဝင်ရောက် လာပါက စုပ်ထုတ်နိုင်ရန်အတွက် အပို ရေစုပ်စက်ငယ်ပါရှိမှု ရှိ/မရှိ၊ ် ရေယာဉ်အ္တရာယ် ဖြစ်ပေါ်နိုင်သည့် အခြေအနေမျိုးကို ရောက်ရှိနိုင်သည့် အချက်များ (ဥပမာ-လူလျှောက်လမ်းနှင့် ရေယာဉ်ဦးပိုင်း၊ ပဲ့ပိုင်း၊ ရေယာဉ်အမိုး ပေါ်တို့တွင် ကုန်ပစ္စည်းများ တင်ဆောင် ထားခြင်း ရှိ/မရှိ)၊ ရေယာဉ်ပေါ်မှာ သတ်မှတ်ထားသည့် ရေယာဉ်လုပ်သား လုံလောက်စွာပါရှိမှု ရှိ/မရှိစစ်ဆေးလျက်ရှိသည်။
မုံရွာဆိပ်ကမ်းကို အခြေပြု၍ အထက် ချင်းတွင်းဒေသသို့ အစုန်/ အဆန်အဖြစ် ခရီးသည်တင်အမြန် ရေယာဉ်အသင်း ၁၀ သင်းမှ အမြန်ရေယာဉ် ၁၃၄ စင်း ပုံမှန်ပြေးဆွဲလျက်ရှိသည်။(Xinhua)