Connect with us

Politics, Law & Military

နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု များမှတစ်ဆင့် ကုလသမဂ္ဂကို အခိုင်အမာထောက်ခံပြီး ဆက်လက် ပူးပေါင်း ဆောင်ရွက်မည်ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ သဝဏ်လွှာ ပေးပို့

၇၁ ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့သည့် သဝဏ်လွှာ(ဓာတ်ပုံ-Myanmar President Office )

ရန်ကုန် ၊ အောက်တိုဘာ ၂၄ ရက်(ဆင်ဟွာ)

ကမ္ဘာ့အသိုက်အဝန်း၏ အဖွဲ့ဝင် တစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအားလုံးနှင့် သက်ဆိုင် သော စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ကုလသမဂ္ဂကို အခိုင်အမာ ထောက်ခံပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဟု သန္နိဋ္ဌာန် ချမှတ်ထားကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။

(၇၁)ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးတို့သည် အပြန်အလှန် ချိတ်ဆက် အမှီသဟဲပြုနေကြောင်း ၊ ငြိမ်းချမ်းရေး မရရှိဘဲ စဉ်ဆက် မပြတ် ဖွံ့ ဖြိုးတိုးတက်ရန် မဖြစ်နိုင်ကြောင်း ၊ ဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ငြိမ်းချမ်းရေးမ တည်မြဲနိုင်ကြောင်း ၊ ဆင်းရဲ နွမ်းပါးမှုကို အမြစ်ပြတ် သုတ်သင်နိုင်ရေးသည် ယနေ့ကြုံတွေ့နေရသော စိန်ခေါ်မှုအများ အပြားအား ဖြေရှင်း နိုင်မည့်နည်းလမ်းများ အနက် တစ်ခု ဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ၂၀၃၀ ပြည့်နှစ် စဉ်ဆက် မပြတ်ဖွံ့ ဖြိုးရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ် သည် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ အတွက် ဦးစားပေးလုပ်ငန်းတစ်ရပ် ဖြစ်နေကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်ခြင်းသည် မြန်မာ့နိုင်ငံခြားရေးမူဝါဒ၏ အခြေခံအုတ်မြစ် တစ်ခု ဖြစ်ကြောင်း ဖော်ပြထားသည်။

လူသားအားလုံးအတွက် ပိုမိုကောင်း မွန်သော အနာဂတ်တစ်ခု ဖန်တီးနိုင်ရေးအတွက် ဖွံ့ ဖြိုးတိုးတက်ရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များကို စိတ်အားထက်သန်စွာဖြင့် ကြိုးပမ်း ဆောင်ရွက်သွားကြရန် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ နှစ်ပတ်လည်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.