Connect with us

Politics, Law & Military

ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်တစ်နေရာ ထပ်တိုး

၂၀၁၅ နိုဝင်ဘာလအတွင်းကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးနေသူအားတွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် ဧပြီ ၁ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် တစ်နေရာ ထပ်တိုးလာသဖြင့် မဲဆန္ဒနယ် ၁၉နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

ရွေးကောက်ပွဲကော်မရှင်က ယခင်ထုတ်ပြန်သော လစ်လပ်မဲဆန္ဒနယ် ၁၈ နေရာရှိသည့်အနက် အောက်တိုဘာ ၁၁ရက်နေ့တွက် ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လစ်လပ်သွားသဖြင့် ၁၉နေရာဖြစ်သွားကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၇ခုနှစ် ဧပြီ ၁ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဟု အောက်တိုဘာလ ၁၁ ရက်နေ့ နေ့စွဲဖြင့် အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။

အဆိုပါ ကျင်းပပေးမည့် မဲဆန္ဒနယ် နေရာများမှာ ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ ယခင် ပြည်နယ်လွှတ်တော် ၆နေရာမှ ယခု တစ်ဦးထပ်တိုးလာသဖြင့် ပြည်နယ်လွှတ်တော် ၇ နေရာဖြစ်လာသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.