Connect with us

Politics, Law & Military

ငွေကျပ်သိန်း ၆၀,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် အတူဖမ်းဆီးရမိသူအားတွေ့ရစဉ် (ဓာတ်ပုံ-- တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့)

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ တောင်ကြီး-ကလောသွားကားလမ်း၊ မိုင်တိုင်အမှတ် (၉၈/ဝ)ရှိ ဘဝသံသရာတံတားအနီး၌ ငွေကျပ်သိန်း ၆၀၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများသယ်ဆောင် လာသည့် မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း တပ်မတော်သတင်းပြန်ကြားရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ တောင်ကြီး-ကလောသွားကားလမ်း၊ မိုင်တိုင်အမှတ် (၉၈/ဝ)ရှိ ဘဝသံသရာတံတားအနီး၌ တပ်မတော်သားများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရစောင့်ဆိုင်းစဉ် ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၆ နာရီခန့်တွင် တောင်ကြီးမြို့မှ ကလောမြို့ဘက်သို့ ယာဉ်မောင်းကျော်ထွန်းလှိုင်(ဘ)ဦးညွန့်မောင် မောင်းနှင်၍ စိုင်းသူရအောင်(ဘ)ဦးစိုင်းမောင်တင့်လိုက်ပါလာသည့် ကင်န်တာအမျိုးအစား ခြောက်ဘီးယာဉ်အမှတ်၊ 1F/—-အားရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား၆,၀၅၀,၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၆၀,၅၀၀ ခန့်)ကို တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဟဲဟိုးနယ်မြေရဲစခန်း၌တရားဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.