Connect with us

Politics, Law & Military

မွန်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဒေါက်တာ အေးဇံ ကို ခန့်အပ်ရန် မွန်ပြည်နယ် လွှတ်တော်မှ ကန့်ကွက်သူ မရှိ အတည်ပြု

မွန်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် ခန့် အပ်ခံရသော ဒေါက်တာ အေးဇံအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန် ၊ မတ် ၁ ရက်(ဆင်ဟွာ)

မွန်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ဒေါက်တာ အေးဇံအား ခန့်အပ်ရန် ယနေ့မတ် ၁ ရက်တွင် ပြုလုပ်သော မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ကန့်ကွက်သူ မရှိ အတည်ပြုခဲ့ကြောင်း မွန်ပြည်နယ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။

“နိုင်ငံတော် သမ္မတက ပေးပို့လာတဲ့ အမည်စာရင်းကို လွှတ်တော် ဥက္ကဋ္ဌက ဖတ်ကြားတယ်။ကန့်ကွက်သူ ရှိရင် ဖိတ်ခေါ်တယ်။မရှိဘူးလေ။အဲဒါဆိုတော့ အတည်ပြုလိုက်ပါတယ်။ကတိသစ္စာပြု ကျမ်းကျိန်တာကိုတော့ ဒီနေ့တစ်ခါတည်း ထပ်လုပ်သွားမှာပါ။”ဟု မွန်ပြည်နယ် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ် ခံရသော ဒေါက်တာ အေးဇံသည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ ကျိုက်ထိုမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၂)မှ အနိုင်ရရှိခဲ့သည့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်ပြီး မွန်ပြည်နယ်လွှတ်တော်၌ စီမံကိန်း နှင့် ဘဏ္ဍာရေး ကော်မတီ ဥက္ကဋ္ဌ ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.