Politics, Law & Military
ငွေကျပ် သိန်းပေါင်း ၃၇၈၀ သိန်း တန်ဘိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ တာချီလိတ်မြို့နယ်၌ ဖမ်းဆီးရမိ
ရန်ကုန် ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)
တာချီလိတ်မြို့နယ်၊ ဝမ်လုံးအုပ်စု၊ လွယ်စီတုန်ကျေးရွာအဝင် ပြည်သူ့စစ်ဂိတ်တွင် ငွေကျပ်သိန်းပေါင်း ၃၇၈၀ သိန်း တန်ဘိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
လွယ်စီတုန်ကျေးရွာအဝင် ပြည်သူ့စစ်ဂိတ်တွင် ဆိုင်ကယ်တစ်စီးပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၆၀၀၀ ပြား ၊ ဆိုင်ကယ် တစ်စီးမှာ ရှာဖွေသည့်နေရာသို့ မရောက်မီ လှဲချ ထွက်ပြေးသွားရာ ထိုဆိုင်ကယ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၁၂၆၀၀၀ ပြား စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၅၂၀၀၀ ပြား၊ မြန်မာငွေ ၁၇၀၀၀၀ကျပ် နှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို ဇူလိုင် ၂၅ ရက်တွင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်လာသူများအား မူးယစ် ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။(Xinhua)