Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်နှင့် ခမ်းပါတ်မြို့တို့၌ ကျပ်သိန်းသုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် ဘိန်းဖြူများ သိမ်းဆည်းရမိ 

အင်းတော်မြို့နယ်အတွင်း သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးသက်သေခံပစ္စည်းများနှင့် ယာဉ်မောင်းအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ ဩဂုတ် ၂၄ ရက်(ဆင်ဟွာ) 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အင်းတော်မြို့နယ် နှင့် ခမ်းပါတ်မြို့တို့၌ ငွေကျပ်သိန်းသုံးသောင်းကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့် ဘိန်းဖြူများအား ဩဂုတ် ၂၃ ရက်တွင် သီးခြားစီ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

အင်းတော်မြို့နယ်၊ နဘားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဩဂုတ် ၂၃ ရက်တွင် အင်းတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မော်တော်ယာဉ်များအား ရှာဖွေစစ်ဆေးနေစဉ် ရွှေဘိုမြို့ဘက်မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေး ရှာဖွေခဲ့ရာ ယာဉ်ပေါ်တွင်သိုဝှက်သယ်ဆောင်လာသော ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၇၈,၈၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ်သိန်း ၂၃,၉၄၀ )၊ မြန်မာငွေ ၈၀၀၀၀ ကျပ်နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် အင်းတော်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

ထို့အတူ ခမ်းပါတ်မြို့၊ ကလေး-တမူး သွားကားလမ်းတွင် ဩဂုတ် ၂၃ ရက်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည် သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့ဘက်မှ တမူး မြို့ဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ် ပေါ်တွင် တင်ဆောင်လာသော ဆာလာအိတ်များအတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၃,၂၀၀ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁၀,၀၃၂ သိန်း)၊ ရောင်စုံဆပ်ပြာခွက် များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၃.၃ ကီလို(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၁,၆၅၀ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ခမ်းပါတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.