Politics, Law & Military
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ပွိုင့် ၃၀၃ ကျည် ၉၅ တောင့်အား သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ပွိုင့် ၃၀၃ ကျည် ၉၅ တောင့်(မကောင်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန် စစ်ကိုင်းမြို့၊ ရွာထောင်ရပ်ကွက်နေ ဦးစိုးလှိုင် (၆၀)နှစ်သည် ၎င်း၏နေအိမ်ခြံဝင်းအတွင်း ခြံစည်းရိုးပြုလုပ်ရန် မြေကျင်းတူးစဉ် ပွိုင့် ၃၀၃ ကျည် ၉၅ တောင့်(မကောင်း)အား တွေ့ရှိကြောင်း သတင်းအရ စစ်ကိုင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပြီး နယ်မြေခံတပ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)