Connect with us

Politics, Law & Military

မိုးမောက်မြို့နယ်အတွင်း သိန်း ၉၄၈သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ

ဖမ်းဆီးရမိသော ဘိန်းဖြူများနှင့် တရားခံအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC)

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ သိန်း ၉၄၈သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁)ဗန်းမော်(မိုးမောက်လှုပ် ရှား)မှ တပ်ဖွဲ့ဝင်များနှင့် ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ အကောက်ခွန်ဦးစီးဌာနမှဝန်ထမ်းများပါဝင် သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ ကျောက်စခန်း ပူးပေါင်းစစ်ဆေးရေးစခန်း၌ လွယ်ဂျယ်မြို့ဘက်မှ မိုးမောက်မြို့ဘက်သို့ နမ့်ခမ်းမြို့နယ်၊ ကောင်းဝိန်ကျေးရွာနေသူများဖြစ်သည့် စိုင်းအိုက်အေးညွန့် ၄၈ နှစ်မောင်းနှင်ပြီး မနန်းဟွမ်အေး ၁၅ နှစ် လိုက်ပါလာသည့် မော်တော်ယာဉ်အားစစ်ဆေးရာ ယာဉ်၏နောက်ဘက်ဘန်ပါအတွင်း သိုဝှက်သယ်ဆောင်လာသည့် ဘိန်းဖြူ ၁၂ ဂရမ်စီပါ ဘိန်းဖြူဆပ်ပြာခွက် ၇၉ ခွက်၊ အလေးချိန် ၉၄၈ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၄၈ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဘိန်းဖြူများနှင့်တရားခံများအား မိုးမောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.