Connect with us

Politics, Law & Military

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၌ ကျပ်သိန်းပေါင်း ၆၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈ဝဝ,ဝဝဝ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် တွင် ငွေကျပ် ၆၃,ဝဝဝ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈ဝဝ,ဝဝဝ ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းသတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် တွင် ပြည်-တောင်ကုတ် ကားလမ်းမိုင်တိုင် (၃၇/၃-၄) ကြား ညောင်ကျိုးစစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၁၃ ရက် ည ၈ နာရီတွင် ပူးပေါင်းစစ်ဆေး ရေးအဖွဲ့က တောင်ကုတ်မြို့သို့ ယာဉ် မောင်း ဝင်းမောင်(ခ)အရှည်ကြီး(၃၃နှစ်) မြဝတီမြို့နေသူ မောင်းနှင်၍ ဝင်းမြင့် (၄ဝနှစ်) မြဝတီမြို့နယ်နေသူ လိုက်ပါလာသည့် MDY 4J/——– မစ်ဆူဘီရှီယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်း ကြမ်းခင်းများကို အံဝှက်ပြုလုပ်၍ ပီနံ အိတ်ခြောက်အိတ်ဖြင့် ထည့်ထားသည့် WY/R စာတန်းပါ စိတ်ကြွရူးသွပ် ဆေးပြား ၁၈ဝဝဝဝဝ (တစ်ပြားလျှင် ၃၅ဝဝ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၆၃,ဝဝဝ သိန်း)တို့ကို ဖမ်းဆီးရမိခဲ့ သဖြင့် ဥသျှစ်ပင်နယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.