Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ လက်မှတ် ရေးထိုးမည်

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးပွဲ ညှိနှိုင်း အစည်းအဝေး (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ)

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် (NCA) ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့မှ ယခုလ ၁၅ ရက်တွင် လက်မှတ် ရေးထိုးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဋ္ဌာန (MPC) မှ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ် ရေးထိုးပွဲ ကျင်းပရေး ပူးတွဲ ကော်မတီတို့ အပစ်အခတ် ရပ်စဲရေးအတွက် ဒုတိယ အကြိမ် အကြို ညှိနှိုင်းရေး ပွဲကို ယနေ့ ငြိမ်းချမ်းရေး စင်တာတွင် ကျင်းပခဲ့ပြီး နေပြည်တော်တွင် အောက်တိုဘာလ ၁၂ ရက်တွင် ထပ်မံ ဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ စာချုပ်ကို ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU / KNLA-PC)၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/ SSA) တို့ လက်မှတ် ရေးထိုးမည် ဖြစ်သည်။

ယခင်က တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့က လက်မှတ် ရေးထိုးရန် လျာထားပြီး အောက်တိုဘာလ ၇ ရက်နေ့တွင် ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (RCSS/ SSA)၏ ဗဟို ကော်မတီ အစည်းအဝေး၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ် ရေးထိုးရန် ဆုံးဖြတ် ခဲ့သည်။

အဆိုပါ အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် လက်မှတ် ထိုးရန် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုလည်း open book ပြုလုပ်ပေးပြီး လက်မှတ် ရေးထိုးရန် ဆက်လက် ဖိတ်ခေါ်သွားမည် ဖြစ်သည်။

အစိုးရဘက်မှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးရန် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့ဖြစ်သည့် “ဝ” ပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကချင် လွတ်မြောက်ရေး တပ်မတော် /အဖွဲ့အစည်း (KIA/KIO)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်း ညီညွတ်ရေး တပ်မတော်- မိုင်းလား တပ်ဖွဲ့ (NDAA)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ မြန်မာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF)၊ ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA- PC)၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ-ကပ်ပလန် (NSCN-K) တို့ ကို စတင် ဖိတ်ကြား ထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.