Connect with us

Politics, Law & Military

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေး စခန်းတွင် ကျပ်သိန်းပေါင်း တစ်သောင်းကျော် တန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိ


ရန်ကုန်၊သြဂုတ် ၈ ရက် (ဆင်ဟွာ)

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေး စခန်းတွင် ကျပ်သိန်းပေါင်း (၁၁,၂၀၀) ခန့် တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ် ရဲစခန်းမှ ရဲအုပ်အောင်မင်းဦး က ဆင်ဟွာကို ယနေ့ အတည်ပြု ပြောကြားသည်။

ရဲအုပ်အောင်မင်းဦးက “ ကျွန်တော်တို့ မနေ့ ကနေ့လည် ၁း၁၅ နာရီ မှာ မူးယစ်တပ်ဖွဲ့ တွေနဲ့ ပူးပေါင်း ဖမ်းဆီးခဲ့တာပါ။ တာချီလိတ်မြို့ထဲကို ဝင်ဖို့ကြိုးစားတဲ့ ကားပါ’’ ဟုပြောသည်။

မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၃၃၁) ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ လဝက၊ အကောက်ခွန်၊ သတင်းရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့် အတူ တာချီလိတ်မြို့၊ လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးစခန်း တွင် မိုင်းဆတ်မြို့နယ်၊ နားယောင်းကျေးရွာ မှ တာချီလိတ်ဘက် သို့ အိုက်ရှဲန် (ခ) အိုက်စိုင်းဆိုင် (ကျား) မောင်းနှင်လာသော YGN 2H-3578 နံပါတ်ပါ Vigo အမျိုးအစား ခဲရောင် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေး ရှာဖွေခဲ့ပါသည်။

လွယ်တော်ခမ်း ပူးပေါင်း စစ်ဆေးရေး စခန်းတွင် စိတ်ကြွ ရူးသွပ်ဆေးပြား ဖမ်းဆီးရမိစဉ် (ဓာတ်ပုံ-တာချီလိတ်မူးယစ်)

ထိုသို့ စစ်ဆေး ရှာဖွေရာ ယာဉ်နောက်ဘက် ကြမ်းခင်းအောက် အံဝှက်အတွင်း မှ အထုပ်ကြီး (၁) ထုပ်လျင် WY စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၈,၀၀၀)ပြားစီပါ အထုပ်ကြီး (၅၆)ထုပ်၊ စုစုပေါင်း ဆေးပြား (၄၄၈,၀၀၀)ပြား၊ အလေးချိန် (၄၄.၈)ကီလိုခန့်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၁၁,၂၀၀)သိန်းခန့် နှင့် ထိုင်းဖုန်း (၂) လုံးတို့အား သိမ်းဆည်း ရမိသဖြင့် အိုက်ရှဲန်(ခ)အိုက်စိုင်းဆိုင် ၊ (၂၉ နှစ်) အား တာချီလိတ်မြို့ မရဲစခန်း မယ(ပ)၁၃၈/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က) အရ အရေးယူ ဆောင်ရွက်ထား ရှိကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117