Politics, Law & Military
တည်ငြိမ် အေးချမ်းရေးနှင့်တရားဥပဒေ စိုးမိုးရေးကို နှစ်ဖက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရန် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် သဘော တူညီ

နေပြည်တော်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ တွေ့ဆုံ ဆွေးနွေးရာတွင် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပါအဝင် အချက် နှစ်ချက်ကို ပူးပေါင်း ဆောင်ရွက် ကြရန် နှစ်ဖက် သဘောတူညီမှု ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူ လူထု၏ ဆန္ဒကို အလေးထား၍ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ စည်းလုံး ညီညွှတ်ရေးနှင့် နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် နှစ်ဖက် ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ကြရန် သဘော တူညီခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသား ဒီ်မိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုသည် ကောင်းမွန်သော တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တွေ့ဆုံ ဆွေးနွေးမှုအပြီး သတင်း မီဒီယာများသို့ ဖြေကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ နေ့လည် ၂ နာရီတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး အတွင်းရှိ ဘုရင့်နောင် ခန်းမတွင် တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှု တစ်နာရီ နီးပါး ကြာမြင့်ခဲ့သည်။ (Xinhua)