Connect with us

Politics, Law & Military

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသား ဒီ်မိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပထမဆုံး အကြိမ် သီးသန့်တွေ့ဆုံ ဆွေးနွေး

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသား ဒ်ီမိုကရေစီ အဖွဲ့ ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသား ဒီ်မိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယနေ့ဒီဇင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ကာကွယ်ရေး ဝန်ကြီးဌာန ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး အတွင်းရှိ ဧည့်ရိပ်သာ၌ ပထမဆုံး အကြိမ် သီးသန့် တွေ့ဆုံ ဆွေးနွေး လျက်ရှိသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အမျိုးသား ဒီ်မိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့သည် ယခင်က နိုင်ငံ ခေါင်းဆောင်များနှင့် စုပေါင်း ဆွေးနွေးပွဲများတွင် တွေ့ဆုံမှုများ ရှိခဲ့သော်လည်း ယခု သီးသန့် တွေ့ဆုံမှုသည် ပထမဆုံး အကြိမ် အဖြစ် ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာပြီးနောက် တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံ ဆွေးနွေးရန် နိုဝင်ဘာ ၁၀ ရက် နေ့စွဲဖြင့် စာပေးပို့၍ တောင်းဆိုခဲ့ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း တွေ့ဆုံမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြောင်း ပြန်ကြားထားခဲ့ပြီးနောက် ယခုကဲ့သို့တွေ့ဆုံခြင်း ဖြစ်သည်။

ထို့ပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင် ရရှိထားမှုအပေါ် ဂုဏ်ပြုကြောင်း သတင်း ထုတ်ပြန်ချက် တစ်ရပ် ထုတ်ပြန်ထားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ ၊ အမျိုးသား လွှတ်တော်တွင် ၁၃၅ နေရာနှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွင် ၄၇၅ နေရာနှင့် တိုင်းရင်းသား လူမျိုးစုတွင် ၂၁ နေရာ စုစုပေါင်း ၈၈၆ နေရာဖြင့် လွှတ်တော် အသီးသီးတွင် အများဆုံး အနိုင်ရထားသည့် ပါတီ ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.