Politics, Law & Military
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး သံတမန် တွေ့ဆုံ

နေပြည်တော် ၊ မေ ၂၃ ရက်(ဆင်ဟွာ)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး သံတမန် H.E. Mr. Sun Guoxiang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး သံတမန် H.E. Mr. Sun Guoxiang အားလက်ခံတွေ့ဆုံစဉ်(ဆင်ဟွာ)
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူး သံတမန် H.E. Mr. Sun Guoxiang အားလက်ခံတွေ့ဆုံစဉ်(ဆင်ဟွာ)
ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် စစ်သံမှူးရှုန်းဆောင်ဝေ(Xiong Shaowei)တို့ ပါဝင်ခဲ့ကြောင်း သိရသည်။(Xinhua)