Connect with us

Politics, Law & Military

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကိုကြိုဆိုသောအားဖြင့် နိုင်ငံသားအကျဉ်းသား ၁၈၆ဦး နှင့် နိုင်ငံခြားသားအကျဉ်းသား ၇၃ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး


ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကိုကြိုဆိုသောအားဖြင့် အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော နိုင်ငံခြားသားအကျဉ်းသား ၇၃ ဦး နှင့် နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း နိုင်ငံတော်သမ္မတ မှ ယနေ့နေ့စွဲဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်လိုက်သည်။

နိုင်ငံခြားသားအကျဉ်းသား (၇၃) ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ၊ ပုဒ်မခွဲ (က) အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ–နိုင်ငံတော်သမ္မတရုံး)

နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ ၊ ပုဒ်မခွဲ (က) အရ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း အမိန့်ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.