Connect with us

Politics, Law & Military

တပ်မတော်တွင်း အရွယ်မရောက်သေးသော ကလေးသူငယ်များကို မှားယွင်းစုဆောင်းသူ စစ်သည် ၄၀၀ကျော်ကို စစ်စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်

ရန်ကုန်မြို့၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် အရွယ်မ ရောက်သေးသော ကလေးများ မိဘထံပြန်လည်ပေးအပ်ပွဲ ကျင်းပစဉ်(ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တပ်မတော်တွင်း အရွယ်မရောက်သေးသော ကလေးသူငယ်များကို စစ်သားအဖြစ် မှားယွင်စွာ စုဆောင်းခဲ့သည့် အရာရှိ ၈၁ဦးနှင့် စစ်သည် ၄၀၂ဦးတို့ကို စစ်စည်းကမ်းနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်မြို့၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင်ကျင်းပသော အရွယ်မ ရောက်သေးသော ကလေးများ မိဘထံပြန်လည်ပေးအပ်ပွဲ အခမ်းအနားထံမှ သိရသည်။

ရန်ကုန်မြို့၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် သြဂုတ်လ ၉ရက်နေ့က ကျင်းပသော အရွယ်မရောက် သေးသူ ကလေး သူငယ်များအား မိဘများထံ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား၌ တပ်မတော် အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များကို သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်အလိုက် အသေးစိတ်စိစစ် နှုတ်ထွက်ခွင့်ပြုလျက်ရှိရာ စိစစ်တွေ့ရှိသည့် အရွယ်မရောက်ကလေး ၆၆ ဦးကို မိဘများထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။

အဆိုပါ အရွယ်မရောက်သေးသော ကလေးသူငယ်များကို မိဘများထံသို့ ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် သုံးကြိမ်၊ ၂၀၁၄ ခုနှစ်တွင် လေးကြိမ်၊ ၂၀၁၅ ခုနှစ် တွင် သုံးကြိမ်၊ ၂၀၁၆ ခုနှစ်အတွင်း ပထမအကြိမ်အဖြစ် ၄၆ ဦးနှင့် ယခု ဒုတိယအကြိမ် ၆၆ ဦး ကို ပြန်လည်အပ်နှံခဲ့ပြီး ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ထိ၁၃ ကြိမ်ရှိခဲ့ရာ စုစုပေါင်း ၈၁၀ ဦး လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက်နိုင်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးချုပ် ခွန်သန့်ဇော်ထူးနှင့် တပ်မတော် အရာရှိကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးတို့မှ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသော UNICEF၊ UNHCR၊ ILO၊ Save the children၊ World Vision၊ World Food Programme၊ UNDP တို့မှ တာဝန်ရှိသူများ၊ ပြန်လည်နှုတ်ထွက်ခွင့်ရ ကလေးသူငယ် ၆၆ ဦးနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.