Connect with us

Politics, Law & Military

တပ်မတော်သည် မည်သည့် နိုင်ငံရေး ပါတီကိုမျှ ဘက်လိုက်မည် မဟုတ်ဘဲ တပ်ဖွဲ့ဝင်များ လွတ်လပ်စွာ မဲပေး ရွေးချယ် နိုင်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား


ရန်ကုန် ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

တပ်မတော်သည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်ရန် လိုလားပြီး ရွေးကောက်ပွဲ ရလဒ်ကို လက်ခံသွားမည် ဖြစ်ကြောင်း ၊ သူ့တာဝန် ၊ ကိုယ့်တာဝန် နားလည်ကြစေ လိုကြောင်း ၊ နိုင်ငံရေး ပါတီတိုင်း စည်းလုံး ညီညွှတ်မှု ရှိကြစေလိုပြီး မည်သည့် ပါတီကိုမှ ဘက်လိုက်မည် မဟုတ်ကြောင်း ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင်း ကိစ္စများမှာ တပ်မတော်နှင့် မသက်ဆိုင်ကြောင်း ၊ တပ်ဖွဲ့ဝင်များကို လွတ်လပ်စွာ ရွေးချယ် မဲပေးနိုင်သည်ဟု ရှင်းပြထားကြောင်း ၊ ဒို့တာဝန် အရေးသုံးပါးကို အလေးထား သွားမည်သာ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့သြဂုတ်လ ၂၄ ရက်တွင် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) အဖွဲ့နှင့် တွေ့ဆုံရာတွင် ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ငြိမ်းချမ်းရေး တည်ဆောက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ တိုင်းရင်းသားအဖွဲ့များနှင့် ထပ်မံ ဆွေးနွေးသွားမည် ဖြစ်ပြီး ဖက်ဒရယ် တပ်မတော်ဟူသည့် နိုင်ငံ၏ အခြေအနေနှင့် မကိုက်ညီ၍ လက်မခံနိုင်ပါကြောင်း ၊ အပစ်အခတ် ရပ်စဲရေး စာချုပ် လက်မှတ် ရေးထိုးနိုင်ရန် ညှိနှိုင်း ဆောင်ရွက် သွားမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) တို့တွေ့ဆုံစဉ် (ဓာတ်ပုံ- Senior General Min Aung Hlaing Facebook)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) စာချုပ် လက်မှတ် ရေးထိုးသည့် အဖွဲ့များ အနေဖြင့်လည်း နဂို လက်ခံထားသည့် အတိုင်း လုံခြုံရေး ကဏ္ဍနှင့် နှစ်ဖက်တပ်များ နေရာချထားရေးနှင့် သက်ဆိုင်သော ပဋိပက္ခ ထပ်မံ မဖြစ်ပွားအောင် စောင့်ကြည့်မည့် (SSR / DDR)ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ် အတွက် လတ်တလော အချိန်ကာလ တစ်ခုအထိ လက်နက်အပ်ရန်၊ ဖျက်ဆီးရန် မလိုသေးဘဲ လက်နက်များကို ထိန်းသိမ်းထား ရမည်သာ ဖြစ်ကြောင်း၊ နောက်ပိုင်းတွင် SSR/DDR လုပ်ငန်းစဉ်များ အတိုင်း စည်းကမ်းနှင့် အညီ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းများကို လိုအပ်ချက်အရ ဆောင်ရွက် နေရခြင်း ဖြစ်ပြီး အချိန်အခါ သင့်သည့်အခါ အများပိုင် လုပ်ငန်းများ အဖြစ် အသွင်ပြောင်းလဲ ဆောင်ရွက် သွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.