Connect with us

Politics, Law & Military

လွှတ်တော် ကျင်းပသည့် လေးနှစ်ကျော် ကာလအတွင်း ဥပဒေ ၁၈၀ ခန့် ပြဋ္ဌာန်းနိုင်၊ ဥပဒေ ၅၀ ပြဋ္ဌာန်းရန် ကျန်ရှိသေးဟု ဆို

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ရေးရာ ကော်မတီ ၊ ကော်မရှင်များ တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

လွှတ်တော် စတင်ကျင်းပချိန်မှ စ၍ ယခုအချိန်အထိ လေးနှစ်ကျော် သက်တမ်းကာလ အတွင်းတွင် ဥပဒေပေါင်း ၁၈၀ ခန့် ပြဋ္ဌာန်းနိုင်ခဲ့ပြီး၊ လက်ရှိအချိန်တွင် အစိုးရအဖွဲ့မှ တင်သွင်းထားသည့် ဥပဒေများမှ ဥပဒေပေါင်း ၅၀ ခန့် ပြဋ္ဌာန်းပေးရန် ဆက်လက် ကျန်ရှိ နေသေးကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ပြောကြားခဲ့သည်။

အဆိုပါ ကျန်ရှိသည့် ဥပဒေ ၅၀ ခန့်တွင် ပြည်သူ့ လွှတ်တော်မှ ၁၇ ခု၊ အမျိုးသား လွှတ်တော်မှ ၂၄ ခု နှင့် ပြည်ထောင်စု လွှတ်တော်မှ ၉ ခု ဖြစ်ကြောင်း ဦးရွှေမန်းက အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသည့် အတွက် လွှတ်တော် အစည်းအဝေးများ ရပ်နားသည့် အချိန်တွင် လွှတ်တော်ရေးရာ ကော်မတီများမှ အတည်ပြုရန် ကျန်ရှိနေသော ဥပဒေကြမ်းများအတွက် ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဌ ဦးသူရိန်ဇော်က ပြောကြားသည်။

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီ အတွင်းရေးမှူးများ၊ ကော်မရှင် အဖွဲ့ဝင်များ သည် ယမန်နေ့က ပြည်သူ့ လွှတ်တော် အဆောက်အဦ အစည်းအဝေး ခန်းမ၌ လွှတ်တော်ရေးရာ ကော်မတီများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ကျင်းပရာ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တက်ရောက်ခဲ့သည်။

“အတည်ပြုရန် ဥပဒေ (၅၀) ကျော် ကျန်ရှိ နေသေးသောကြောင့် လွှတ်တော်အား ပြန်လည် ခေါ်ယူဖွယ်ရှိပြီး ရှေ့ဆက် အတည်ပြုရန် ရှိသေးကြောင်း’’ ပြည်သူ့ ငွေစာရင်း ကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်က မီဒီယာများနှင့် တွေ့ဆုံစဉ် ဖြေကြားခဲ့သည်။ပြည်သူ့ လွှတ်တော် နိုင်ငံသားများ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီ အရေး နှင့် လူ့အခွင့်အရေး ကော်မတီမှ ဥက္ကဋ္ဌ ဦးဋ္ဌေးဦးက လွှတ်တော် ရပ်နားသော်လည်း ကော်မတီ ၊ ကော်မရှင် အစည်းအဝေးအား နေပြည်တော် သို့မဟုတ် ရန်ကုန်တွင်လည်း ကျင်းပနိုင်ကြောင်း၊ ဆွေးနွေးရန် ကိစ္စများရှိပါက အဆင်ပြေသည့် နေရာတွင် ကျင်းပနိုင်ကြောင်း ဆိုသည်။

ဦးဌေးဦးက “လွှတ်တော် ရပ်နားထားသော်လည်း မိမိတို့ လူ့အခွင့်အရေး ကော်မတီအနေဖြင့် ရပ်နားထားခြင်း မရှိပါကြောင်း၊ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေအား ဆောင်ရွက် ပြီးစီးပါပြီ။ ကော်မတီကို နေ့စဉ်ပေးပို့လာတဲ့ စာတွေကိုတော့ နေ့စဉ် ဖြေရှင်း ပေးနေပါတယ်။

ဆက်ပြီး ပေးပို့လာတဲ့စာ တွေကိုလည်း ဆက်ပြီး ဖြေရှင်း ပေးသွားမှာ ဖြစ်တယ်’’ ဟု ဆင်ဟွာကို ပြောသည်။

ရွေးကောက်ပွဲ ကာလ နီးကပ်လာသည့် အတွက် လွှတ်တော် ခေတ္တရပ်နားပြီး ၊ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလလယ်တွင် လွှတ်တော် ပြန်လည် ခေါ်ယူနိုင်ဖွယ် ရှိကြောင်း၊ ယခု လွှတ်တော် သက်တမ်းသည် ဇန်နဝါရီ လကုန်အထိ သက်တမ်း ရှိကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ဆိုသည်။အဆိုပါ အစည်းအဝေးသို့ ပြည်သူ့ လွှတ်တော်ရေးရာ ကော်မတီ ၂၃ ခုနှင့် ကော်မရှင် ၁ခု တက်ရောက် ခဲ့ကြောင်း သိရသည်။ (Xinhua)