Connect with us

Politics, Law & Military

တပ်မတော် ထိပ်ပိုင်းရာထူးများ တိုးမြှင့်ခန့်အပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးအား တွေ့ရစဉ်(ဓာတ်ပုံ- Xinhua)

ရန်ကုန်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

မြန်မာ့တပ်မတော်အတွင်း တာဝန်ထမ်းဆောင်နေသည့် ထိပ်ပိုင်းရာထူးနေရာများကို တိုးမြှင့်ခန့်အပ်ခန့်မှုများ ပြုလုပ်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ ရာထူးတိုးမြှင့်ခန့်အပ်မှုတွင် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ဗိုလ်ချုပ်ကြီး ရာထူးတိုးမြှင့်ပြီး တပ်မတော်၏ တတိယခေါင်းဆောင်နေရာဖြစ်သည့် တပ်မတော် ကြည်း၊ ရေ ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြစ်လာကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ဝင်းမင်းထွန်းအား အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ဗိုလ်ချုပ်သန်းလှိုင်သည် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ဗိုလ်ချုပ် လင်းအောင်အား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ဗိုလ်ချုပ် မောင်မောင်စိုးအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း၊ ဗိုလ်မှူးချုပ် သက်ပုံအား အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း အသီးသီး ရာထူး တိုးမြှင့်ခံ ရကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.