Connect with us

Politics, Law & Military

တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအနေဖြင့် ရက် ၁၀၀တွင်း ဦးစီးဌာနနှစ်ခုဖွဲ့စည်း ဆောင်ရွက်နေဟုဆို

တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအယ်လ်တူးမိန်းဂေါင် ရှင်းလင်းပြောကြားစဉ်(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနအနေဖြင့် ရက် ၁၀၀တွင်း တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနနှစ်ခု ဖွဲ့စည်း ဆောင်ရွက်နေကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ် ကပြောကြားသည်။

အဆိုပါ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနကို ပြည်ထောင်စုဝန်ကြီးရုံးတွင် ဝန်ထမ်း ၁၆၅နေရာ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတွင် ၄၈၂နေရာ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနတွင် ၄၈၄နေရာဖြင့် ဖွဲ့စည်းထားသည်။

တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ တန်းတူညီမျှသော နိုင်ငံရေးအခွင့်အရေးများ ရရှိစေရန်၊ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုဖြင့် စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်အခြေခံ၍ အတူတကွ လက်တွဲနေထိုင်ကြစေရန်၊ တိုင်းရင်းသားလူမျိုးများ၏ စကား၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့ထုံးစံ၊ အမျိုးသားရေး လက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ တိုင်းရင်းသား အချင်းချင်း ချစ်ခင်ရင်းနှီးမှု တိုးတက်စေရန်နှင့် တိုင်းရင်းသားလူမျိုးတို့၏ လမ်းပန်းဆက်သွယ် ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးတို့ ဖွံ့ဖြိုးတိုးတက်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

တိုင်းရင်းသားလူမျိုးများအခွင့်အရေးကို ကာကွယ်သည့် ဥပဒေကြမ်းတစ်ခုကို ပြဌာန်းနိုင်ခဲ့ပြီး တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.