Connect with us

Politics, Law & Military

တပ်မတော် G-4 ဂျက်လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းစဉ် ပျောက်ဆုံး

G-4 ဂျက်လေယာဉ်အမျိုးအစား လေယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

တပ်မတော် (လေ)မှ G-4 ဂျက်လေယာဉ်တစ်စီးသည် ယနေ့ စက်တင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း ပျံသန်းလေ့ကျင့်နေစဉ် ပျောက်ဆုံးသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

G-4 ဂျက်လေယာဉ် သုံးစီးသည် ပုသိမ်လေဆိပ်မှ ယနေ့နံနက်ပိုင်းတွင် စတင်ပျံသန်းလေ့ကျင့်ခဲ့ကြပြီး ၎င်း G-4 ဂျက်လေယာဉ် ၃ စီးအနက် လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက် မောင်းနှင်သည့် G-4 ဂျက်လေယာဉ် တစ်စီးသည် နံနက် ၉ နာရီ ၁၈ မိနစ်တွင် ပုသိမ်မြို့၏ အနောက်မြောက်ဘက် ၃၅၀ ဒီဂရီ၊ အကွာအဝေးအားဖြင့် ၃၆ မိုင်ခန့်အကွာ၌ ပုသိမ်လေဆိပ်နှင့် နောက်ဆုံးအဆက်အသွယ် ရရှိပြီးနောက်ပိုင်း ပျောက်ဆုံးလျက်ရှိ ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပျောက်ဆုံးလျက်ရှိသည့် G-4 ဂျက်လေယာဉ်အား မြေပြင်တပ်များနှင့် တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ရှာဖွေရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.