Connect with us

Politics, Law & Military

တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းအသစ် (၂၀၁၈ – ၂၀၂၂) ကိုချမှတ် ၍ ဆောင်ရွက်လျက်ရှိ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ဝက်ဆိုက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထောင်စုတရားလွှတ်တော်ချုပ်)

ရန်ကုန်၊ မေ ၁၂ ရက် (ဆင်ဟွာ)

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် သုံးနှစ်တာ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၁၅-၂၀၁၇)၏ အတွေ့အကြုံနှင့် အောင်မြင်မှုများအပေါ် အခြေပြုပြီးနောက် ပြည်သူလူထု၏ ဖြစ်ပေါ်လျက်ရှိသည့် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်နှင့် မြန်မာ့ တရားစီရင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် “အားလုံးအတွက်တိုးတက် ကောင်းမွန်သော တရားမျှတမှု ဆီသို့” ဆောင်ပုဒ်ဖြင့် တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်းအသစ် (၂၀၁၈ – ၂၀၂၂) ကိုချမှတ် ၍ ဆောင်ရွက်နေပါကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကပြောသည်။

တစ်နိုင်ငံလုံး၏ အမှုပြီးပြတ်မှုနှုန်းမှာ ၉၆ ရာခိုင်နှုန်းဖြစ်ပြီး ကနဦးရှေ့ပြေးတရားရုံးများ ၏ အမှုပြီးပြတ်မှုနှုန်းမှာ ၉၈ ဒသမ ၅ ရာခိုင်နှုန်း၊ တိုးချဲ့ရှေ့ပြေးတရားရုံးများ၏ အမှုပြီးပြတ်မှု နှုန်းမှာ ၉၆ ဒသမ ၅ ရာခိုင်နှုန်းဖြစ်၍ ရလာဒ်ပိုမို ကောင်းမွန်သည်ကို တွေ့ရပါကြောင်း၊ ရှေ့ပြေးတရားရုံးအစီအစဉ် အောင်မြင်မှုရရှိသဖြင့် မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်ကို တစ်နိုင်ငံလုံး ရှိ တရားရုံးများတွင် အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်းသိရသည်။

အဆိုပါ တရားရုံးများ၏ ဆောင်ရွက်ချက်များကို ၂၀၁၈ ခုနှစ် မေလ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် ၂၀၁၇ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး တရားရုံးနှစ်စဉ် အစီရင်ခံစာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ website http://www.unionsupremecourt.gov.mm၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ပြည်သူ့ဆက်ဆံရေး ဌာနခွဲ @ousc.publicrelations လူမှုကွန်ယက်တွင် ရယူနိုင်ကြောင်း ပြည်သူ့အတွက် ဒုတိယ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းမှုများပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.