Connect with us

Politics, Law & Military

တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတို့တွင် တရားမဝင်သစ် တန် ၁၀၀ ကျော် အား သိမ်းဆည်းရမိ

ဖမ်းဆီးရမိသည့် တရားမဝင်သစ်များအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ) 

တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတို့တွင် တရားမဝင်သစ် တန် ၁၀၀ ကျော် အား သိမ်းဆည်းရမိ ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။ 

ဖြစ်စဉ်မှာရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် မန္တလေး-လားရှိုး ကားလမ်းမကြီး မိုင်တိုင်အမှတ် (၁၆၇/၅)၏ အနောက်ဘက် လေးမိုင်ခန့်အကွာ နောင်ဖော့ကျေးရွာဘုန်းကြီးကျောင်းဝင်းအတွင်း ယာဉ်နှစ်စီးပေါ်မှ တရားမဝင် ပိတောက်ခွဲသား၊ တမလန်းဓားရွေ ၉ ဒသမ ၈၃၅၀ တန်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် မဟာမြိုင်ကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်းခွဲသား ၁၃ ဒသမ ၃၅၇၂ တန်၊ မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာ အနောက်တောင်ဘက် တစ်မိုင်ခန့်အကွာ မုန်းချောင်းဘေးမှ တရားမဝင် နဘဲ၊ ဒဟတ်၊ ဒီဒူးခွဲသား ၅ ဒသမ ၁၄၈၀ တန်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ် နမ့်ပွန်ချောင်း အရှေ့ဘက်မှ တရားမဝင် ပိတောက်သစ်/ခွဲသား ၁၀၆ ဒသမ ၉၃၆၂ တန်တို့အား သိမ်းဆည်းရမိခဲ့ပြီး ဆက်စပ်တရားခံများအား စုံစမ်းရှာဖွေ ဖော်ထုတ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ထို့ပြင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် စစ်ကိုင်း-မန္တလေး ကမ်းနားလမ်းဘေးမှ တရားမဝင် အင်၊ ထောက်ကြံ့၊ သစ်စေး၊ နဘဲ၊ တရော်၊ ဖန်ခါးမျော စုစုပေါင်း ၄၁၈၈ လုံးတို့နှင့်အတူ ပြစ်မှုကျူးလွန်သူ ၁၁ ဦးတို့အား ဖမ်းဆီးရမိ ခဲ့ပြီး တရားခံအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း ကြေးမုံသတင်းစာတွင် ပါရှိသည်။သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတို့၌ ထို တရားမဝင် သစ်များ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  (Xinhua)