Politics, Law & Military
တိုင်းဒေသကြီး/ပြည်နယ် နှင့် မြို့နယ်တချို့တွင် ယာဉ်လိုင်စင်များ နယ်လှည့်သက်တမ်းတိုးပေးမည်
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ)
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ၂ဝ၁၇ ခုနှစ် ဧပြီလအတွင်း တိုင်းဒေသကြီး/ပြည်နယ် နှင့် မြို့နယ်တချို့တွင် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်နှင့် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်သည်။
ကချင်ပြည်နယ်တွင် ဝိုင်းမော်မြို့၊ မိုးကောင်းမြို့၊ မကွေးတိုင်းဒေသကြီးတွင် တောင်တွင်းကြီးမြို့၊ ပေါက်မြို့၊ စေတုတ္တရာမြို့၊ အောင်လံမြို့၊ မန္တလေးတိုင်းဒေသကြီးတွင် မလှိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီးတွင် မှော်ဘီ၊ ကော့မှူးမြို့၊ ဧရာဝတီတိုင်းဒေသကြီးတွင် သာပေါင်း၊ မော်လမြိုင်ကျွန်းမြို့များတွင် ယာဉ်မောင်းလိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်ထဲတွင်ပါရှိသည်။ (Xinhua)