Connect with us

Politics, Law & Military

မောင်တောမြို့နယ်၌ ငွေကျပ် ၉၈၈ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ

ဖမ်းဆီးရမိသည့်မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ-- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

မောင်တောမြို့နယ်၌ ငွေကျပ် ၉၈၈ သိန်းတန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြား ၄၉၄၀၀ ပြား အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မောင်တောမြို့နယ် နယ်မြေ ၆ ရှိ လဘော်ဇား ရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မတ် ၂၀ ရက်ညနေ ၃ နာရီခွဲတွင် ဆိုင်ကယ်များဖြင့် အပ်ကျာကျေးရွာအတွင်း နယ်မြေလုံခြုံရေးကင်းလှည့်စဉ် ကျေးရွာ အနောက်ဘက်လယ်ကွင်းအနီး၌ မသင်္ကာသူ ၃ ဦးတွေ့မြင်ရသဖြင့် သွားရောက်စစ်ဆေးရာ အထုပ်တစ်ထုပ် အား ပစ်ချ၍ထွက်ပြေးသွားခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါအထုပ်အား ကျေးရွာတာဝန်ရှိသူများနှင့်အတူ ဖွင့်ဖောက်စစ်ဆေးရာ အဝါရောင်တိပ်ဖြင့် ပတ်ထားသည့် အထုပ် ၅ထုပ်အတွင်းမှ စုစုပေါင်း ငွေကျပ် ၉၈၈ သိန်းတန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြား ၄၉၄၀၀ ပြား အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထွက်ပြေးသွားသူများအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.