Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2101
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစိုးရတစ်နှစ်တာဆောင်ရွက်မှုများရှင်းလင်း - Xinhua News Agency
Connect with us

Politics, Law & Military

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အစိုးရတစ်နှစ်တာဆောင်ရွက်မှုများရှင်းလင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းအေးကို အားတွေ့ရစဉ် (ဓာတ်ပုံ--ဆင်ဟွာ)

နေပြည်တော်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်ပထမ တစ်နှစ်တာကာလ အတွင်း ပြုပြင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေပြည်တော် တွင်ဧပြီလ ၂၈ ရက်တွင် ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းအေးကိုမှ ရှင်းလင်းဆွေးနွေးခဲ့သည်။

တစ်နှစ်တာကာလအတွင်း တိုင်းရင်းသားလူမျိုးများ ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း၊ လူမှုရေးပေါင်းစည်းမှု အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ တိုင်းရင်းသားစာပေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးများအတွက် ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း စသဖြင့် အလုပ်ရုံဆွေးနွေးပွဲများအား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း နှင့် ကိုးကွယ်သည့်ဘာသာ၊ သမိုင်းအမွေအနှစ်၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများအား ရရှိရေးတို့အပါအဝင် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကိစ္စရပ်များအား ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၏ စာပေ နှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်း ဖြင့် ပြည်ထောင်စုစိတ်ဓာတ် တိုးတက်ခိုင်မာပြီး တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရန် မျှော်မှန်းချက် ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဦးမင်းအေးကိုမှ ရှင်းလင်းဆွေးနွေးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.