Connect with us

Politics, Law & Military

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန တစ်နှစ်တာဆောင်ရွက်ချက်များ

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ဧပြီလ ၂၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်ပထမ တစ်နှစ်တာကာလ အတွင်း ပြုပြင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေပြည်တော် တွင်ဧပြီလ ၂၈ ရက် ကရှင်းလင်းပွဲပြုလုပ်ခဲ့ရာဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန အနေဖြင့်အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖေါ်ရေးလုပ်ငန်းစဉ်များကို ပထမတစ်နှစ်တာကာလအတွင်း အဓိကထားဆောင်ရွက်ခဲ့ကြောင်းပြောကြားခဲ့သည်။

ထို့ပြင်၎င်းက ဝန်ကြီးဌာနအနေဖြင့်ပထမတစ်နှစ်တာအတွင်း နိုင်ငံရေးနှင့်ဆက်နွယ်ပြီး ထိန်းသိမ်းခံရ သူများလွတ်မြောက်ရေး၊အဂတိလိုက်စားမှုတိုက်ဖျက်ရေး အပါအဝင်နိုင်ငံတော်အတွက်အရေးကြီး သည့်ကဏ္ဍများကိုအကောင်အထည်ဖေါ်ဆောင်ရွက်နေကြောင်းလည်းသိရသည်။ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပါဝင်သည့် ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖေါ်ရေးဗဟိုကော်မတီဖွဲ့ စည်းဆောင်ရွက်နေမှုကိုလည်းပြောကြားခဲ့သည်။တစ်နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးကြိုးပမ်းမှု အားအထောက်အကူပြုနိုင်ရေးအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ပထမအ စည်းအဝေးကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းလည်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.