Connect with us

Politics, Law & Military

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနဆောင်ရွက်မှုများ ရှင်းလင်းပွဲပြုလုပ်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပထမတစ်နှစ်တာပြုပြင်ဆောင်ရွက်မှုများနှင့်ပတ် သက်၍ ၀န်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် ရှင်းလင်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ဧပြီလ ၂၈ ရက် (ဆင်ဟွာ)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင်အစိုးရသစ်တာဝန်ယူခဲ့ပြီးနောက်ပထမတစ်နှစ်တာကာလအတွင်း ပြုပြင်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ နေပြည်တော်တွင်ဧပြီလ ၂၈ ရက် က ရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၏တစ်နှစ်တာဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးတင့်သွင်က ရှင်းလင်းပြောကြားခဲ့ရာတွင်နိုင်ငံတော်မှချမှတ်ထားသောမူဝါဒများ၊ အာဆီယံဒေသတွင်းချမှတ်ထားသောမဟာဗျူဟာအစီအစဉ်များနှင့်အညီမြန်မာနိုင်ငံခရီးသွားလုပ်ငန်း တိုးတက်မြှင့်တင်ရေးမဟာဗျူဟာများကိုဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အနေဖြင့် တည်ဆဲမြန်မာနိုင်ငံခရီးသွားလာရေးဥပဒေ ကြိုပန် လည်ပြင်ဆင်ရေးဆွဲပြီး အတည်ပြုပြဌာန်းနိုင်ရေးကိုဆောင်ရွက်လျက်ရှိသည်။၂၀၁၆ ခုနှစ်အတွင်း ခရီး သွားဧည့်သည် ၂ ဒသမ ၉၁ သန်းမြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ခရီးသွားဧည့်သည် ၇ ဒသမ ၄၈ သန်း လာရောက်နိုင်ရန်ရည်မှန်းဆောင်ရွက်နေကြောင်း သိရသည်။ ထို့ပြင် ခရီးသွားလုပ် ငန်းဆိုင်ရာအခြေခံအဆောက်အဦများ ပြည့်စုံကောင်းမွန်ရေး၊ ခရီးသွားလုပ်ငန်းတိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍများဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ရေး၊ဧည့်လမ်းညွှန်နှင့်ဟို တယ်လုပ်ငန်းဆိုင်ရာသင်တန်းများဖွင့်လှစ်ခြင်းကဲ့သို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်း၊ပြည်ပဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများ နှင့်ပူးပေါင်းဆောင်ရွက်ခြင်း တို့ကိုဆောင်ရွက် လျက်ရှိကြောင်းလည်းသိရသည်။ ညွှန်ကြားရေးမှူးချုပ်ဦးတင့်သွင်ကဆက်လက်၍ ပထမတစ်နှစ်တာကာလအတွင်းဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန သည် ထိုင်းနိုင်ငံနှင့်ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကို အကောင်အထည် ဖေါ်နိုင်ရန်ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

၎င်းက အာဆီယံအရည် အသွေးမြှင့်ခရီးသွားလုပ်ငန်းအစီအစဉ်ကိုလည်း ဝန်ကြီးဌာနကစတင်ဆောင်ရွက်ခဲ့ကြောင်း၊ ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာနှင့်ဒေသတွင်းတက်ကြွစွာပါဝင်ဆောင်ရွက်နေကာ၊သတင်းမီဒီယာများ၌လည်း ပါဝင်ဆောင်ရွက်နေကြောင်းပြောကြားသွားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.