Connect with us

Politics, Law & Military

တောင်တွင်းကြီးမြို့တွင် လူအုပ်စုဖြင့်ဖျက်ဆီးသူများထဲမှ တစ်ဦးကိုဖမ်းဆီးထား

တောင်တွင်းကြီုးဖြစ်စဉ်နှင့် ပတ်သတ်ပြီး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသော သတင်းအားတွေ့ရစဉ် (ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တောင်တွင်းကြီးတွင် ယနေ့ စက်တင်ဘာ ၁၀ ရက် ည ၇နာရီ ၄၅ ခန့်က ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော၂လမ်း နှင့် မကွေးလမ်းမကြီးတစ်လျှောက်ရှိ ဆိုင်များ ကို တုတ်၊ဓါးများကိုင်ဆောင်ပြီး ဖျက်ဆီးသူများထဲမှ တစ်ဦးကို ဖမ်းဆီးထားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ဥပဒေနှင့်အညီ လူစုခွဲရာတွင် ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများ အသုံးပြုခဲ့ရပြီး ရာဘာကျည်အချို့ အသုံးပြု၍ ပစ်ခတ်ခဲ့ကြောင်း၊တစ်ဦးဖမ်းဆီးထားပြီး ဦးဆောင်သူများကို စိစစ်ဆဲ ဖြစ်ကြောင်း၊ ဝိုင်းအုံသူ လူ ၄၀၀ ခန့် မှာ လူစုကွဲသွားပြီ ဖြစ်ကြောင်း သိရသည်။အခြား အုပ်စုဖွဲ့ဆောင်ရွက်မှုများ ဆက်လက် မဖြစ်စေရန် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.