Connect with us

Politics, Law & Military

တောင်တွင်းကြီးတွင် တုတ်၊ဓါးများကိုင်ဆောင်ပြီး ဖျက်ဆီးမှုများပြုလုပ်သွားသူများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်

တောင်တွင်းကြီုးဖြစ်စဉ်နှင့် ပတ်သတ်ပြီး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသော သတင်းအားတွေ့ရစဉ် (ဓာတ်ပုံ-သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တောင်တွင်းကြီးတွင် ယနေ့ စက်တင်ဘာ ၁၀ ရက် ည ၇နာရီ ၄၅ ခန့်တွင် ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော၂လမ်း နှင့် မကွေးလမ်းမကြီးတစ်လျှောက်ရှိ ဆိုင်များ ကို တုတ်၊ဓါးများကိုင်ဆောင်ပြီး ဖျက်ဆီးမှုများပြုလုပ်သွားသူများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

တုတ်၊ဓါးလက်နက်များကိုင်ဆောင်သည့် လူအုပ်စုတစုမှ ဖျက်ဆီးမှုများပြုလုပ်မှုနှင့် ပတ်သက်ပြီး ကျူးလွန်သူများကို အမြန်ဆုံးဖမ်းဆီး နိုင်ရေး ရဲတပ်ဖွဲ့တာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။”ခုတော့အခြေအနေငြိမ်သွားပါပြီ၊ ဖျက်ဆီးသွားတဲ့လူတစ်စုကို လိုက်လံရှာဖွေဖမ်းဆီးနေပါတယ်”ဟု တောင်တွင်းကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့ဝင်များ ချထားပြီး လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်ထားကာ တည်ငြိမ်ရေး ဆောင်ရွက်ထားကြောင်းအခြားမြို့ကြီးများတွင်လည်း ရဲတပ်ဖွဲ့ဝင်များ ချထားလျက် ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့ ဖြစ်စဉ်တွင် လက်ရှိ လူအုပ်စုမရှိတော့ဘဲ လူစုကွဲသွားပြီဟု သိရှိရပြီး ဦးဆောင်၍ လှုံ့ဆော်သူများကို ဖမ်းဆီးမှု ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါ လူအုပ်သည် ဆိုင်ကိုခဲနှင့်ပေါက်ခဲ့ကြောင်း သိရပါသည်။ယခု ဖြစ်စဉ်ကို အစပြုဆောင်ရွက်သူ မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူရန် ဆောက်ရွက်လျက် ရှိပါသဖြင့် ပဋိပက္ခ ဖန်တီးလိုသူများအား အထူးသတိပြုကြပါရန် အသိပေးအပ်ကြောင်း ဖော်ပြထားသည်။သွေးထိုးလှုံ့ဆော်မှုများ၊ အဓိကရုဏ်းဖန်တီးသူများအား နိုင်ငံတော်က ထုတ်ပြန်ထားပြီး ဖြစ်သည့်အတိုင်းထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်ပါ၍ နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် အသိပေးအပ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.