Connect with us

Politics, Law & Military

နိုင်ငံတော်သမ္မတ ဦးထင်ကျော်၏ အူလမ်းကြောင်း ခွဲစိတ် ကုသမှု ခံယူရာတွင် အောင်မြင်မှု ရရှိကြောင်း သမ္မတရုံး ထုတ်ပြန်

နိုင်ငံတော် သမ္မတ ဦးထင်ကျော်အား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ)

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ဆေးစစ်ခံယူမှုများ ပြုလုပ်ခဲ့ရာ အူလမ်းကြောင်းတွင်(Colonic Polyp) တွေ့ရှိ၍ စက်တင်ဘာ ၁၀ ရက်တွင် လိုအပ်သည့် ခွဲစိတ်ကုသမှုများဆောင်ရွက်ခဲ့ရာ ခွဲစိတ် ကုသမှု အောင်မြင်မှုရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့စက်တင်ဘာ ၁၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် လိုအပ်သည့်ကျန်းမာရေး ဆေးစစ်မှုများ ခံယူရန်အတွက် ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ စက်တင်ဘာ ၈ ရက်တွင် သွားရောက်ခဲ့ကြောင်း သတင်း ထုတ်ပြန်မှု အရ သိရသည်။(Xinhua)