Connect with us

Politics, Law & Military

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အာဆီယံခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ ကျင်းပမည်

ASEAN Tourism Forum ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ-- အင်တာနက်)

ရန်ကုန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ASEAN Tourism Forum (အာဆီယံခရီးသွားလုပ်ငန်း ဆွေးနွေးပွဲ) 2018 ကို ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖိုရမ်နှင့် ပတ်သက်၍ ASEAN Clean Tourist City Standard (အာဆီယံခရီးသွား မြို့ပြ သန့်ရှင်းမှုအဆင့်အတန်း) နှင့် ASEAN Sustainable Tourism Award Guideline (အာဆီယံ စဉ်ဆက်မပြတ် ခရီးသွားလုပ်ငန်း ဆုချီးမြှုင့်မှုလမ်းညွှန်ချက်) များ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေးအား နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် Clean Tourist City Standard (မြို့ပြခရီးသွားလုပ်ငန်း သန့်ရှင်းမှုအဆင့်အတန်း) အကောင်အထည်ဖော်ရေး အတွက် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည့်မြို့သုံးမြို့ကို ရွေးချယ်နိုင်ရေး နှင့် Sustainable Tourism Award (စဉ်ဆက်မပြတ် ခရီးသွားလုပ်ငန်း ဆုချီးမြှုင့်မှု) အတွက် Urban (မြို့ပြ) နှင့် Rural (ကျေးလက်) အတွက် မြို့တစ်မြို့စီကို ရွေးချယ်နိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.