Connect with us

Politics, Law & Military

ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူ ဟောပြောပွဲ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတို့မှ တိုက်ရိုက်ထုတ်လွှင့်

ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံတွင် ကျင်းပသော ဟောပြောပွဲ၌ မိန့်ခွန်းပြောကြားစဉ်(နိုင်ငံတော် အတိုင်ပင်ခံရုံး)

ရန်ကုန်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ Myanmar’s Democratic Transition Challenges and Way Forward ခေါင်းစဉ်ဖြင့်ဟောပြောပွဲကို စင်ကာပူနိုင်ငံ ISEAS ၌ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲ (၃)နာရီ (၁၀) မိနစ်တွင်ကျင်းပပြုလုပ်ခဲ့ရာ ယင်းဟောပြောပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြန်မာ့အသံ ရေဒီယိုအစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဖြစ်စဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်အရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်များ စသည်တို့အား ထည့်သွင်း ဟောပြောခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀ရာစုအတွင်း ၁၉၄၈ခုနှစ်၊ ၁၉၆၂ ခုနှစ်နှင့် ၁၉၈၈ ခုနှစ်တို့တွင် အကူးအပြောင်းကာလ သုံးရပ်ဖြစ်ခဲ့ကြောင်း၊ ဒီမိုကရေစီအကူး အပြောင်းကာလ အတွင်း အခက်အခဲမျိုးစုံကို ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံကို စီးပွားရေးလုပ်ရန် အဆင်ပြေကောင်းမွန်သည့် နိုင်ငံဖြစ်အောင် ဆောင်ရွက်နေပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် သဟဇာတဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဖိတ်ခေါ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဟောပြောပွဲတွင် ထည့်သွင်းပြောကြားသည်။

စင်္ကာပူနိုင်ငံသည် ကမ္ဘာပေါ်၌ စီးပွားရေးအရ အချက်အခြာကျသော နေရာတွင် ပါဝင်ပြီး သယ်ယူပို့ဆောင်ရေးမှာ အဓိကကျသော အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံသည် ယခင် ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၈) ဘီလီယံရှိခဲ့ပြီး ယင်း၏ ထက်ဝက်ကျော်သည် စင်္ကာပူနိုင်ငံက ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ညီလာခံ(၃)ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ အာဆီယံအဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသွားရာ ခရီးတွင် ကူညီပေးခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.