Connect with us

Politics, Law & Military

တက္ကသိုလ်၊ ကောလိပ်များတွင် မြန်နှုန်းမြင့် အင်တာနက်များ ရရှိရေး ဆောင်ရွက်မည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးကျော်မျိုး ဖြေကြားနေစဉ်(ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)

တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် မြန်နှုန်းမြင့် အင်တာနက်များ ရရှိစေရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဖြေကြားထားသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုးက ယနေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“တက္ကသိုလ်၊ ဒီဂရီ ကောလိပ်နဲ့ ကောလိပ်များရှိ ကျောင်းသား ကျောင်းသူ အရေအတွက်ပေါ် မူတည်ပြီး လုံလောက်သော အင်တာနက် အမြန်နှုန်း ရရှိစေရန် နိုင်ငံတော် ဘဏ္ဍာငွေ၏ သက်ဆိုင်ရာ ငွေစာရင်း ခေါင်းစဉ်အလိုက် ထည့်သွင်း လျာထား တောင်းခံ ဆောင်ရွက်လျက်ရှိကြောင်း၊ ခွင့်ပြု ရန်ပုံငွေ အရ အင်တာနက် သုံးစွဲမှု လိုအပ်ချက်အပေါ် မူတည်ပြီး အမြန်နှုန်းများ မြှင့်တင်ပေးရေး အတွက် စီစဉ် ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာနက ဖြေကြားထားပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ စံရွှေဝင်း ၏ e-learning and internet access ဆိုင်ရာ မေးခွန်းကို ၎င်းက ပညာရေးဝန်ကြီးဌာန၏ အဖြေနှင့် ပေါင်းစပ် ဖြေကြားရာတွင် ပြောခဲ့ခြင်းဖြစ်သည်။

အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီနှင့် ကောလိပ် ကျောင်းများတွင် အင်တာနက် ချိတ်ဆက် အသုံးပြုနေသော ကျောင်း ၁၂၃ ကျောင်း ရှိပြီး မချိတ်ဆက်ရသေးသောကျောင်း ၁၀ ကျောင်း ရှိကြောင်း၊ e-library အသုံးပြုသော ကျောင်း ၅၃ကျောင်း၊ e-library မရှိသေးသော ကျောင်း ၅၃ ကျောင်းနှင့် e-library တည်ဆောက်ရန် ဆောင်ရွက်ဆဲ ကျောင်း ၂၅ ကျောင်း ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.