Politics, Law & Military
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် နိုင်ငံသို့တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည်
ရန်ကုန် ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု သမ္မတ နိုင်ငံ သမ္မတ မစ္စတာ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ တရားဝင်ချစ်ကြည်ရေးခရီးစဉ် အဖြစ် စက်တင်ဘာလ ၁၀ ရက်မှ ၂၆ ရက်အထိ သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သတင်းရရှိသည်။
“ပထမဆုံး လန်ဒန်ကို သွားမယ်။ပြီးတော့ ဝါရှင်တန် ၊ အဲဒီကနေ နယူးယောက် သွားမယ်။လန်ဒန်မှာ နိုင်ငံ အကြီးအကဲတွေနဲ့တွေ့မယ်။ပြီးရင် ဥရောပ အရှေ့အလယ်ပိုင်း မြန်မာ သံအမတ်ကြီးတွေနဲ့တွေ့မယ်။ဗြိတိန် ခေါင်းဆောင်တွေနဲ့တွေ့မယ်လို့အကြမ်းဖျဉ်း ပြောလို့ရမယ်။”ဟု နိုင်ငံတော် သမ္မတရုံး ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နယူးယောက်မြို့တွင် ကျင်းပပြုလုပ်မည့် (၇၁)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ လည်း တက်ရောက်မည်ဖြစ်ပြီး ခရီးစဉ် အတွင်း ဥရောပဒေသ၊ အရှေ့ အလယ်ပိုင်း ဒေသ အခြေစိုက် မြန်မာသံအမတ်ကြီးများနှင့်တွေ့ဆုံရန်နှင့် ဗြိတိန်နိုင်ငံအစိုးရ အဖွဲ့အကြီးအကဲများနှင့် တွေ့ဆုံ မှုပြုလုပ်ရန် ဗြိတိန်နိုင်ငံသို့လည်း သွားရောက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။(Xinhua)