Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အစီရင်ခံစာတွင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်မည့် အကြံဉာဏ် ပေးနိုင်/မပေးနိုင် စောင့်ကြည့်ကြစေလိုဟုဆို

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဟောင်း နိုဘယ်ဆုရှင် မစ္စတာကိုဖီအာနန် သတင်းစာရှင်းပွဲပြုလုပ်စဉ် (ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အစီရင်ခံစာတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူပေးနိုင်မည့် အကြံပြုနိုင် ၊ မပြုနိုင်အား အစီရင်ခံစာအား စောင့်ကြည့်သွားကြစေလိုကြောင်း ယနေ့ စက်တင်ဘာလ ၈ ရက်တွင် ပြုလုပ်သော ကော်မရှင်၏ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲတွင် ဥက္ကဋ္ဌ ဖြစ်သူ ကိုဖီအာနန်က ပြောကြားခဲ့သည်။

ရခိုင် ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်၏ လုပ်ငန်းတာဝန်မှာ အကြံပြုချက်ပေးရန် ဖြစ်ကြောင်း ၊ မည်ကဲ့သို့ ဆက်လက် လုပ်ဆောင်မည်ကို လက်တွေ့စောင့်ကြည့် စေလိုကြောင်း ကော်မရှင်၏ ဥက္ကဋ္ဌ ကိုဖီအာနန်က ပြောကြားခဲ့သည်။

ထို့အတူ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ ဘက်မလိုက်ဘဲ တိတိကျကျ ကြားနေဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ရခိုင်ပြည်နယ်အတွင်းမှ အသိုင်းအဝိုင်း အားလုံး၏ အသံများကိုနားထောင်ပြီး အကြုံပြု အစီရင်ခံစာတင်ပြသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်၏ အကျိုးစီးပွားကိုမုချထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ကော်မရှင် ဥက္ကဋ္ဌကိုဖီအာနန်က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး တာဝန် ယူခဲ့စဉ် ကာလတစ်လျှောက် မြန်မာနိုင်ငံ၌ မည်သည်တို့ ဖြစ်နေသည်ကို မျက်ခြေမပြတ် စောင့်ကြည့်ခဲ့ပြီး ထိုနောက်ပိုင်းတွင်လည်း ဆက်လက် စောင့်ကြည့် လေ့လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကော်မရှင်အား မြန်မာနိုင်ငံသားပုဂ္ဂိုလ် ၆ ဦး ၊ နိုင်ငံတကာမှ ပုဂ္ဂိုလ် ၃ ဦး စုစုပေါင်း ၉ ဦးဖြင့် ဖွဲ့စည်း ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။ (Xinhua)