Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်နေအိမ်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်၊ စိုးရိမ်ဖွယ်ရာမရှိဟုဆို

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (၇၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မိန့်ခွန်းပြောကြားစဉ်(ဓာတ်ပုံ-နိုင်ငံတော်၏ အတိုင်ပင်ခံရုံး)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်၌ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ထားပြီး ကျန်းမာရေးအခြေအနေသည် စိုးရိမ်ဖွယ်ရာမရှိကြောင်း မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောကြားသည်။

ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု ခရီးစဉ်များမှ ယနေ့ည ပြန်လည်ရောက်ရှိလာသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေ စိုးရိမ်စရာ မရှိကြောင်း၊ ကျွမ်းကျင်သူ ဆရာဝန်ကြီးများဖြင့် ကျန်းမာရေး စစ်ဆေးခဲ့ရာတွင် အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း အစီအစဉ်များ များပြားလွန်းပြီး နားချိန် နည်းပါးသဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ခရီးစဉ်အတွင်း စားချိန်သောက်ချိန် မမှန်သဖြင့် အစာအိမ်ရောင်ရမ်းခြင်း နှင့် ကွန်ပျူတာ အကြည့်များသဖြင့် အရိုးကျီးပေါင်းတက်ခြင်းတို့သာ စစ်ဆေးတွေ့ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ယမန့်နေ့ညက ထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေးအခြေအနေကြောင့် ၂ရက်လောက် အနားယူရမည်ဖြစ်ကြောင်း၊ လက်ရှိနေအိမ်တွင် အနီးကပ် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပြီး အနားယူနေကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.