Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် တွေ့ဆုံ ဂါရဝပြု


နေပြည်တော်၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam နှင့် အဖွဲ့သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် သမ္မတ အိမ်တော်၊ သံတမန်ဆောင် ခန်းမ၌ ယနေ့ နံနက် ၁ဝ း ၀၀ နာရီတွင် လာရောက် ဂါရဝပြု တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်တို့တက်ရောက်ခဲ့ကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam နှင့် အဖွဲ့ လာရောက်တွေ့ဆုံစဉ် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam က လက်ဆောင်ပန်ချီကားပေးအပ်စဉ် (ဆင်ဟွာ)

တွေ့ဆုံပွဲတွင် ဟောင်ကောင် အုပ်ချုပ်ရေးမှူးချုပ် Mrs. Carrie Lam က နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ပုံတူ ပန်းချီကား လက်ဆောင် ပေးအပ်ခဲ့ပြီး ပညာရေး၊ ကျန်းမာရေး၊ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှု တိုးမြှင့်ရေးများ ဆွေးနွေးခဲ့ကြ ကြောင်း၊ သိရသည်။

ဧည့်သည်တော်များအဖွဲ့သည် ဒုတိယ သမ္မတ (၁) ဦးမြင့်ဆွေနှင့် နေပြည်တော် ရွှေစံအိမ်ဟိုတယ်တွင် နံနက် ၁၁:၀၀ နာရီ၌ ဆက်လက်တွေ့ဆုံခဲ့ကြပြီး ညနေပိုင်းတွင် နေပြည်တော် မဏိရတနာ ကျောက်မျက် ပြခန်းသို့ သွားရောက်လည် ပတ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.