Connect with us

Politics, Law & Military

နိုင်ငံရေး မတည်ငြိမ်မှုများကို အာဆီယံက အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည် ကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပြော

50th Anniversary of ASEAN အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ)

အာဆီယံ အဖွဲ့ဝင်နိုင်ငံများသည် အနာဂတ်ကာလတွင် တွေ့ကြုံလာရမည့် စိန်ခေါ်မှုများ၊ နိုင်ငံရေး မတည်ငြိမ်မှုများကို အောင်မြင်စွာ ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် MICC II တွင် ယနေ့ ကျင်းပသည့် အာဆီယံ နှစ် (၅၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ပြောခဲ့သည်။

“အနာဂတ်ကာလ နိုင်ငံရေး မတည်ငြိမ်မှုတွေ၊ မသေချာမရေရာမှုတွေကို အာဆီယံအနေနဲ့ အာဆီ ယံရဲ့ အချက်အခြာကျမှု၊ စုစည်းညီညွတ်စွာ ရပ်တည်မှုနဲ့ အပြုသဘောဆောင်မှုတို့ကို အခြေခံပြီး အောင်မြင်စွာ ကျော်လွှားသွားနိုင်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်” ဟု သူမက ပြောခဲ့သည်။

50th Anniversary of ASEAN အခမ်းအနားတွင် စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

ထို့အပြင် သူမက “ကမ္ဘာကြီးမှာမတူကွဲပြားတဲ့ ယဉ်ကျေးမှုနဲ့ နိုင်ငံရေး စနစ်တွေ တည်ရှိနေတဲ့ ဒေသတစ်ခု ဖြစ်ပေမယ့်လည်း အာဆီယံဟာ အချိန်ကာလရဲ့ စမ်းသပ်မှုကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့ပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ပါတယ်။အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ မတူကွဲပြားမှု တွေ ကို အပြည့်အဝအသိအမှတ်ပြုပြီး အကျိုးစီးပွားတွေ၊ ရည်မှန်းချက်တွေကို မျှဝေလျက် ဘုံအကျိုး စီးပွားကို ဖော်ဆောင်နိုင်စေမယ့် နားလည်မှု၊ ယုံကြည်မှုနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို နက်နက် ရှိုင်းရှိုင်း ဖြစ်ပေါ်လာအောင် ကြိုးပမ်းနိုင်ခဲ့ကြပါတယ်။ ရာစုနှစ်ဝက် ကျော်လွန်လာတဲ့ ဒီကနေ့ အချိန်မှာ တိုးတက်မှုတွေ ရယူပိုင်ဆိုင်ပြီးတော့ များပြားလှတဲ့ အခွင့်အလမ်းတွေ၊ တုန်လှုပ်ဖွယ်ရာ စိန်ခေါ်မှုတွေ ပြည့်လွှမ်းနေတဲ့အနာဂတ်ဆီကိုခိုင်ခိုင်မာမာနဲ့ ဆက်လက်ပြီး ချီတက်နေကြပါပြီ” ဟုလည်း ပြောခဲ့သည်။

50th Anniversary of ASEAN အခမ်းအနားသို့ တက်ရောက်လာသူများအားတွေ့ရစဉ် (ဆင်ဟွာ)

အာဆီယံ၏ မူလတည်ထောင်သူဖခင်များ၏ ငြိမ်းချမ်း၊ တည်ငြိမ်၊ စီးပွားရေး သာယာဝပြောသည့် အရှေ့တောင် အာရှ ဒေသကြီး တည်ထောင်ရေး ဟူသည့် မျှော်မှန်းချက်များကို လက်တွေ့ ဖြစ်ပေါ်လာအောင် ပြီးခဲ့သည့် နှစ်ပေါင်း ငါးဆယ်အတွင်းမှာ အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများအနေဖြင့် ထိုအောင်မြင်မှုကို ဂုဏ်ယူဝင့်ကြွားနိုင်ကြပြီ ဖြစ်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံက ပြောခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပြခန်းများအားကြည့်ရှူနေစဉ် (ဆင်ဟွာ)

50th Anniversary of ASEAN အခမ်းအနားတွင်ယဉ်ကျေးမှုအကအလှများဖြင့်တင်ဆက်နေစဉ် (ဆင်ဟွာ)

50th Anniversary of ASEAN အခမ်းအနားတွင်ယဉ်ကျေးမှုအကအလှများဖြင့်တင်ဆက်နေစဉ် (ဆင်ဟွာ)

50th Anniversary of ASEAN အခမ်းအနားတွင်ယဉ်ကျေးမှုအကအလှများဖြင့်တင်ဆက်နေစဉ် (ဆင်ဟွာ)

50th Anniversary of ASEAN အခမ်းအနားတွင်ယဉ်ကျေးမှုအကအလှများဖြင့်တင်ဆက်နေစဉ် (ဆင်ဟွာ)

အာဆီယံ၏ လက်ရှိ အောင်မြင်မှုများကို ပိုမိုခိုင်ခန့်စေဖို့ စိန်ခေါ်မှုများကို ကျော်ဖြတ်ပြီး ဥပဒေ စည်း မျဉ်း စည်းကမ်းများကို အခြေခံသည့် ပြည်သူလူထုကို အလေးထားသည့် ပြည်သူလူထုကို ဗဟိုပြု သည့် ငြိမ်းချမ်းတည်ငြိမ်ပြီး စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံနိုင်သည့် အာဆီယံ အသိုက်အဝန်းကြီး မှ တစ်ဆင့် ဒေသဆိုင်ရာ ပေါင်းစည်းမှု၏ ခေတ်သစ် တစ်ရပ်ကို မိမိတို့အားလုံး ဝင်ရောက်နေကြပြီ ဖြစ် ကြောင်း၊ အဖွဲ့ဝင် ၁၀ နိုင်ငံ၏ စီးပွားရေးအင်အားမှာလည်း ကမ္ဘာတွင် သတ္တမမြောက် အကြီးဆုံး စီးပွားရေး အစုအဖွဲ့ ဖြစ်လာပြီး၊ အာရှဒေသမှာတရုတ်နှင့် အိန္ဒိယပြီးလျှင် တတိယ အမြန်ဆုံး တိုးတက် နေသည့် အဓိက စီးပွားရေး အင်အားစု ဖြစ်လာနေပါကြောင်း၊ အာဆီယံ၏ လက်ရှိ ပြည်တွင်း အသားတင် ထုတ်ကုန်စုစုပေါင်း တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ထရီလီယံ ရှိနေပြီ ဖြစ်ကြောင်း၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း၏၂၀၂၅ ခုနှစ် အခြေပြမြေပုံကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သည့် အချိန်တွင် အာဆီယံသည် ၂၀၅၀ ပြည့်နှစ်ကာလ၌ ကမ္ဘာ့ စတုတ္ထ အကြီးဆုံး စီးပွားရေးအုပ်စုကြီး ဖြစ်လာတော့မည် ဖြစ်ကြောင်း၊ ထိုအချိန်၌ ဒေသတွင်း အလုံးစုံ စီးပွားရေး မိတ်ဖက် အစီအမံသည်လည်း အပြီးသတ်နေလောက်ပြီ ဖြစ်၍ ယင်း အစီအမံက ဒေသတွင်း စီးပွားရေး အဆင့်ကွာဟမှုကို ဖြေလျှော့ ပေါင်းစပ် ပေးသွားမှာ ဖြစ်ကြောင်း၊ မိတ်ဖက် အစီအမံ စတင်နိုင်ပြီဆိုလျှင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်နှင့် ကမ္ဘာ့ ဂျီဒီပီ၏ ၃၀ ရာခိုင်နှုန်းကို ကိုယ်စားပြုတော့မှာ ဖြစ်ပါကြောင်းလည်း နိုင်ငံတော်၏် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.